ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ စီးတီးပြဲထြက္မွာ ပါ၀င္ခဲ့တဲ့ ဂြမ္ဒိုဂန္ က ဂြာဒီယိုလာရဲ႕ အစီအမံေတြ အေပၚ ကာကြယ္ေျပာဆို

ဂြါဒီယိုလာရဲ႕ ခ်န္ပီယံလိဂ္ ဖိုင္နယ္ ပြဲထြက္ လူစာရင္းမွာ သူဟာ အေကာင္းဆုံးႀကိဳးစားခဲ့တာျဖစ္ပါတယ္လို႔ စီးတီးကြင္းလယ္ ဂန္ဒိုဂန္က ေျပာ ဆိုလိုက္တာျဖစ္ၿပီး အဲ့ဒီပြဲမွာ သူက ထူးဆန္းစြာပဲ ကြင္းလယ္ခံစစ္ေနရာမွာ ျပန္လည္ ကစားခဲ့ရတာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ လ တုန္းက မန္စီးတီးဟာ အသင္းရဲ႕ပထမဆုံး ခ်န္ပီယံလိဂ္ဖိုင္နယ္တက္ေရာက္ႏိုင္မႈမွာ ခ်ဲလ္ဆီးအသင္းကို ကိုင္ဟာဗက္ဇ္ရဲ႕ တစ္လုံးတည္းေသာ ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။ ထိုပြဲမွာ မန္စီးတီးဟာ ေျခစြမ္းပိုင္းက်ဆင္းခဲ့တာျဖစ္ၿပီး ဂန္ဒိုဂန္ကို ပြဲထြက္ေစခဲ့တဲ့အေပၚ ျပစ္တင္ေျပာဆို မႈေတြရွိခဲ့တာျဖစ္ပါတယ္။

စီးတီးက ကြင္းလယ္မွာ ႐ိုဒရီ သို႔မဟုတ္ ဖာနန္ဒင္ဟိုတို႔ကို ပြဲမထုတ္ခဲ့ဘဲ ဂန္ဒိုဂန္ကို ထည့္သြင္းခဲ့ကာ မန္စီးတီးအသင္း ပရီးမီးယားလိဂ္ဖလား ရရွိခဲ့တဲ့ ပြဲစဥ္ေတြရဲ႕ ၉၉ % မွာ သူတို႔ႏွစ္ေယာက္ကို အသုံးျပဳခဲ့ကာ ဖိုင္နယ္ပြဲစဥ္အထိ ေခၚေဆာင္ခဲ့ ေသာ္လည္း ပြဲထြက္စာရင္းမွာေတာ့ ဂန္ဒိုဂန္ကိုသာ နည္းျပက အသုံးျပဳခဲ့တာျဖစ္ပါတယ္။

၂၀၁၈-၁၉ရာသီ ဖာနန္ဒင္ဟို ဒဏ္ရာရရွိေနတုန္းက သူဟာ အဲ့ဒီေနရာမွာ ကစားခဲ့ဖူးတာျဖစ္တဲ့အတြက္ ဂ်ာမန္သား အဖို႔ ကြင္းလယ္ခံစစ္ေနရာက အစိမ္းသက္သက္ေတာ့မဟုတ္ပါဘူး။ ဒီႏွစ္မွာ အသင္းအတြက္ ေျခစြမ္းျပက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီးကတည္းက အဲ့ဒီေနရာမွာ သိပ္မကစားေတာ့တာျဖစ္ပါတယ္။

ရႈံးပြဲၿပီးေနာက္မွာေတာ့ သူ႔ရဲ႕လူထုတ္ပုံနဲ႔ပတ္သက္ၿပီး ဂြါဒီယိုလာက ေဝဖန္ျခင္းခံခဲ့ရတာျဖစ္ကာ ဂိုးဧရိယာ အျပင္ ဘက္မွာ တစ္ခုခုလုပ္ဖို႔ စီစဥ္ထားတာျဖစ္တယ္ဆိုတာက ရွင္းေနပါတယ္လို႔ ဂန္ဒိုဂန္က ေျပာဆိုထားပါတယ္။

“ဖိုင္နယ္ပြဲမတိုင္ခင္ ရက္အနည္းငယ္အလိုမွာ နည္းျပမွာ အႀကံဉာဏ္ အသစ္အဆန္း ရွိခဲ့တာျဖစ္ပါတယ္”လို႔ ႏိုင္ငံ့ လက္ေ႐ြးစင္အသင္းအတြက္ သတင္းစာရွင္းလင္းပြဲမွာ သူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္တုန္းက ဂန္ဒိုဂန္ဟာ ဘာစီလိုနာသို႔ ေျပာင္းေ႐ြ႕ဖို႔ သတင္းေတြ ထြက္ခဲ့တာျဖစ္ၿပီး ယူ႐ို အတြက္ ျပင္ဆင္ေနတာျဖစ္တဲ့အတြက္ ျငင္းဆိုထားျခင္းေတာ့မရွိေသးကာ မန္စီးတီးကေတာ့ စာခ်ဳပ္သက္တမ္း က်န္ရွိေနတဲ့အခ်ိန္အထိ သူ႔ကို ဆက္ထိန္းထားခ်င္ေနတာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ကစားသမားႏွင့္ စာခ်ဳပ္အသစ္ အတြက္ ေဆြးေႏြးဖို႔ ကလပ္အေနနဲ႔ အစီစဥ္မရွိေသးကာ စာခ်ဳပ္ သက္တမ္း ၂ႏွစ္က်န္ရွိေနတဲ့အတြက္ ကလပ္အေနနဲ႔ ေရာင္းခ်သြားဖို႔လည္းမရွိပါဘူး။

Unicode

ဂွါဒီယိုလာရဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲထွက် လူစာရင်းမှာ သူဟာ အကောင်းဆုံးကြိုးစားခဲ့တာဖြစ်ပါတယ်လို့ စီးတီးကွင်းလယ် ဂန်ဒိုဂန်က ပြော ဆိုလိုက်တာဖြစ်ပြီး အဲ့ဒီပွဲမှာ သူက ထူးဆန်းစွာပဲ ကွင်းလယ်ခံစစ်နေရာမှာ ပြန်လည် ကစားခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လ တုန်းက မန်စီးတီးဟာ အသင်းရဲ့ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ်တက်ရောက်နိုင်မှုမှာ ချဲလ်ဆီးအသင်းကို ကိုင်ဟာဗက်ဇ်ရဲ့ တစ်လုံးတည်းသော ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ထိုပွဲမှာ မန်စီးတီးဟာ ခြေစွမ်းပိုင်းကျဆင်းခဲ့တာဖြစ်ပြီး ဂန်ဒိုဂန်ကို ပွဲထွက်စေခဲ့တဲ့အပေါ် ပြစ်တင်ပြောဆို မှုတွေရှိခဲ့တာဖြစ်ပါတယ်။

စီးတီးက ကွင်းလယ်မှာ ရိုဒရီ သို့မဟုတ် ဖာနန်ဒင်ဟိုတို့ကို ပွဲမထုတ်ခဲ့ဘဲ ဂန်ဒိုဂန်ကို ထည့်သွင်းခဲ့ကာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တဲ့ ပွဲစဉ်တွေရဲ့ ၉၉ % မှာ သူတို့နှစ်ယောက်ကို အသုံးပြုခဲ့ကာ ဖိုင်နယ်ပွဲစဉ်အထိ ခေါ်ဆောင်ခဲ့ သော်လည်း ပွဲထွက်စာရင်းမှာတော့ ဂန်ဒိုဂန်ကိုသာ နည်းပြက အသုံးပြုခဲ့တာဖြစ်ပါတယ်။

၂၀၁၈-၁၉ရာသီ ဖာနန်ဒင်ဟို ဒဏ်ရာရရှိနေတုန်းက သူဟာ အဲ့ဒီနေရာမှာ ကစားခဲ့ဖူးတာဖြစ်တဲ့အတွက် ဂျာမန်သား အဖို့ ကွင်းလယ်ခံစစ်နေရာက အစိမ်းသက်သက်တော့မဟုတ်ပါဘူး။ ဒီနှစ်မှာ အသင်းအတွက် ခြေစွမ်းပြက အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီးကတည်းက အဲ့ဒီနေရာမှာ သိပ်မကစားတော့တာဖြစ်ပါတယ်။

ရှုံးပွဲပြီးနောက်မှာတော့ သူ့ရဲ့လူထုတ်ပုံနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက ဝေဖန်ခြင်းခံခဲ့ရတာဖြစ်ကာ ဂိုးဧရိယာ အပြင် ဘက်မှာ တစ်ခုခုလုပ်ဖို့ စီစဉ်ထားတာဖြစ်တယ်ဆိုတာက ရှင်းနေပါတယ်လို့ ဂန်ဒိုဂန်က ပြောဆိုထားပါတယ်။

“ဖိုင်နယ်ပွဲမတိုင်ခင် ရက်အနည်းငယ်အလိုမှာ နည်းပြမှာ အကြံဉာဏ် အသစ်အဆန်း ရှိခဲ့တာဖြစ်ပါတယ်”လို့ နိုင်ငံ့ လက်ရွေးစင်အသင်းအတွက် သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ဂန်ဒိုဂန်ဟာ ဘာစီလိုနာသို့ ပြောင်းရွေ့ဖို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပြီး ယူရို အတွက် ပြင်ဆင်နေတာဖြစ်တဲ့အတွက် ငြင်းဆိုထားခြင်းတော့မရှိသေးကာ မန်စီးတီးကတော့ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့အချိန်အထိ သူ့ကို ဆက်ထိန်းထားချင်နေတာဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ကစားသမားနှင့် စာချုပ်အသစ် အတွက် ဆွေးနွေးဖို့ ကလပ်အနေနဲ့ အစီစဉ်မရှိသေးကာ စာချုပ် သက်တမ်း ၂နှစ်ကျန်ရှိနေတဲ့အတွက် ကလပ်အနေနဲ့ ရောင်းချသွားဖို့လည်းမရှိပါဘူး။