ဂါနာချို ကို တင်းနေတဲ့ သရဲနီဖန်များ၊ တန်ဟက် ရာထူးအတွက် သက်ရောက်မယ့် အာဆင်နယ်ပွဲ၊ ပြန်လာချင်တဲ့ မော်ရင်ဟိုနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

မန်ယူအသင်း ခရစ္စတယ် ပဲလေ့စ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဂါနာချို က ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်သွားတဲ့ ရီးရဲလ်မက်ဒရစ် နိုင်ပွဲ အတွက် အောင်ပွဲခံနေတဲ့ အပေါ် သရဲနီ ပရိသတ်တွေကဒေါသထွက်နေကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုအပတ် အာဆင်နယ်နှင့်ကစားမဲ့ ပွဲစဉ်တွင် ရှုံးနိမ့်ပါက အဲရစ်တန်ဟက်ကို ထုတ်ပယ်ရေး ပြတ်သားစွာ ဆုံးဖြတ်လာတော့မှာ ဖြစ်ပါတယ်။

ရီယို ဖာဒီနန်က မန်ချက်စတာယူနိုက်တက်ကို ဂျေဒန် ဆန်ချို ပြန်လာဖို့က အဲရစ် တန်ဟက်ကို နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်မှသာ ဖြစ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုတစ်ယောက် လက်ရှိ အသင်းပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ် လက်ထက် မန်ယူအသင်းကို တစ်ကျော့ပြန် ကိုင်တွယ်ခွင့်ရဖို့ ဆန္ဒရှိနေကြောင်း သတင်းရရှိပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ အဲရစ် တန်ဟက်ကို ရာထူးကနေ အခုချက်ချင်းပဲ ထုတ်ပယ်ပြီး စတိဗ် မက္ကာလာရင်ကို ရာသီကုန်ထိ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဂျေဒန်ဆန်ချိုဟာ ၂၀၁၁ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး ယူနိုက်တက်ကစားသမား ဖြစ်လာခဲ့ပါတယ်။