အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်က မန်ယူကို ဘယ်နှဂိုး သွင်းနိုင်သလဲ ဆရာကြီးကတော့ ဟောကိန်းထုတ်ပါပြီ
ဒီအပတ် တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ကတော့ အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်အသင်းကို ဧည့်ခံ ကစားဖို့ ရှိနေပါတယ်။
ဒီပွဲစဉ်အတွက် ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူ ပေါမာဆန်ရဲ့ ရလဒ် ခန့်မှန်းချက်ကို ဖော်ပြသွားမှာဖြစ်ပါတယ်။

Manchester United vs Arsenal
အာဆင်နယ်ကတော့ ယူနိုက်တက်ကို ပဲလေစ့်တို့ ရှင်းထုတ်လိုက်တာကို ကြည့်ပြီး ကျေနပ်နေမှာပါ။ ယူနိုက်တက်က အာဆင်နယ်ကို ရင်ဆိုင်ဖို့ အခွင့်အရေး မရှိပါဘူး။ အာဆင်နယ်က သိပ်ကောင်းနေတဲ့ အသင်းဖြစ်တာမို့ ဒီပွဲကို အနိုင်ရသင့်ပါတယ်။
အာဆင်နယ်က ခပ်စောစော ဂိုးသွင်းနိုင်မယ်ဆိုရင် ဒီပွဲက ဒုတိယပိုင်း မတိုင်ခင် ပွဲပြီးသွားမှာပါ။ အဲ့လိုဖြစ်လာအောင်လည်း သူတို့တွေ ပစ်မှတ်ထားရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကို အာဆင်နယ်အသင်း အနိုင်ရခဲ့တဲ့ နောက်ဆုံး အကြိမ်တွေတုန်းက သူတို့ဟာ အိုးထရတ်ဖိုဒ့်မှာ အနိုင်ရလေ့ရှိပါတယ်။ ဒီတော့ ဒီပွဲကိုလည်း အနိုင်ယူလိမ့်မယ်။
နောက်ရာသီ ထိပ်ဆုံး ၄ သင်းထဲ ဝင်လောက်တဲ့ အစွမ်းအစမျိုး ယူနိုက်တက်မှာ ရှိနေတယ် မထင်ပါဘူး။ သူတို့ နည်းပြ တန်ဟက်နဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မယ် မသိပါဘူး။
မန်ချက်စတာ ယူနိုက်တက်က ဥရောပရဲ့ အကြီးကျယ်ဆုံး အသင်းတွေထဲက တစ်သင်းပါ။ ကျနော် အမြင်မှာတော့ သူတို့အသင်းကို ကိုင်တွယ်နိုင်မယ့်သူ သိပ်မရှိပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် ၁-၃ အာဆင်နယ်