ပြန်ပါဦးမှာ မဟုတ်တဲ့ မောင့်၊ ဘရာဇီးက ချန်ခံရတဲ့ ကာဆီမီရို၊ ဂရင်းဝုဒ်ကို ခေါ်ချင်တဲ့ ၂သင်း၊ နာဗက်စ် အတွက် သုံးမယ့် ကြေးနဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ

မန်ယူအသင်း ကွင်းလယ်ကစားသမား မေဆန်မောင့် ဒဏ်ရာမှ ပြန်လည် သက်သာပျောက်ကင်းလာတာ မကြာသေးပေမယ့် ယခုလာမယ့် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်လာနိုင်မှာ မဟုတ်ကြောင်း နည်းပြ တန်ဟက်က အသိပေးခဲ့ပါတယ်။

ဒီတလော ခြေစွမ်းကျဆင်းနေတဲ့ မန်ယူအသင်း ကွင်းလယ် ကစားသမား ကာဆီမီရိုဟာ ဘရာဇီးလ်အသင်းရဲ့ ကိုပါအမေရိက လူစာရင်းထဲမှ ချန်လှပ်ခံလိုက်ရပါတယ်။

သတင်းတွေအရ အမည်မဖော်ပြတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းဟာ ယူနိုက်တက်စတား မေဆင် ဂရင်းဝုဒ်ကို ခေါ်ယူချင်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားဘက်ကတော့ နွေရာသီမှာအသင်းကနေ ထွက်ခွာရမယ်ဆိုရင်တောင် အင်္ဂလန်ပြည်တွင်း ပြန်လာဖို့ထက် ပြည်ပကိုပဲ ပြောင်းချင်နေပါတယ်။

ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာသွားမယ့် မန်နေဂျာ သောမတ်စ်တူချယ်ဟာ အဲရစ်တန်ဟက်ရဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ ရာထူးကို ဆက်ခံဖို့ ရေပန်းအစားဆုံးဖြစ်နေသော်လည်း အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်ကလည်း ဆန်ခါတင်စာရင်းထဲမှာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

မန်ယူအသင်း ပိုင်ရှင် ရက်ကလစ်ဖ်ကတော့ အသင်းရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး အားကစားဒါရိုက်တာသစ် အပေါ်မှာသာ တာဝန်အပြည့်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ ဘင်ဖီကာ ကွင်းလယ်ကြယ်ပွင့် နာဗက်စ်အတွက် ပေါင် ၁၀၅ သန်းအထိ ပေးချေသွားဖို့ အသင့်ရှိကြောင်း သတင်းရရှိပါတယ်။

ဒီတပတ် တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ မန်ယူနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပြီး ဘောလုံးပွဲ သုံးသပ်သူတွေနဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေကတော့ အာဆင်နယ်ပဲ သက်တောင့်သက်သာ အနိုင်ယူသွားမယ် ခန့်မှန်းနေကြပါတယ်။