ဝက်ဖို့ဒ်ကို ရှုံးချက်က နာလို့ မန်ယူကစားသမားနဲ့ ဝန်ထမ်းတွေ ငိုတောင် ငိုခဲ့ကြကြောင်း သတင်းထွက်
ညက ဝက်ဖို့ဒ်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ မန်ယူ ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ အသင်းရှုံးပွဲအတွက် မျက်ရည်တောင် ကျခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
အမှတ်ပေးဇယား အဆင့် ၁၆ နေရာက ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ရုပ်ပျက်ဆင်းပျက် အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒီရှုံးပွဲက မန်ယူ အသင်း အနေအထားက ဘယ်လောက်အထိ ဖြစ်နေပြီလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ခဲ့ရပါတယ်။
ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားက ပရိသတ်တွေကို တောင်းပန်မှုတွေပြုလုပ်ခဲ့ပေမယ့် ပရိသတ်တွေက အော်ဟစ် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကွင်းလယ်လူဖာနန်ဒက်စ်က ဝင်ရောက် ကာကွယ်ပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရကာ လက်ရှိမှာတော့ ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ဖို့အတွက် ယူနိုက်တက်က စီစဉ်နေပြီဖြစ်ကာ ၄၈ နာရီအတွင်း သတင်းထုတ်ပြန်လိမ့်မယ်လို့လည်း The Times က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာ ညနေခင်း သတင်းစာကလည်း ဝက်ဖို့ဒ်နဲ့ပွဲဟာ ဆိုးလ်ရှားအတွက် မန်ယူနိုက်တက် နည်းပြဘ၀ နောက်ဆုံးပွဲလို့ ယုံကြည်နေကြပြီး ထုတ်ပယ်ခံရဖို့ကိုပါ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။
ကစားသမားတချို့က ဒီရှုံးပွဲအတွက် ငိုကြွေးခဲ့တယ်လို့ သတင်းထွက်လာခဲ့ပေမယ့် ဘယ်သူတွေလဲဆိုတာကိုတော့ အတိအကျမသိရဘဲ ရှိနေပါတယ်။ ခန့်မှန်းမှုတွေအရတော့ ရော်နယ်ဒိုပါဝင်တယ်လို့ ပြောဆိုနေကြပြီး ရက်ရှ်ဖို့ဒ်၊ ဒီဂီယာတို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
မန်ယူ အဝတ်လဲခန်းအတွင်းမှာလည်း တိတ်ဆိတ်နေခဲ့ပြီး ဘာစကားမှ မဆိုနိုင်လောက်အောင်အထိဖြစ်ခဲ့ကြကာ စိတ်ဓာတ်ကျ၊ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အသင်းတွင်းအခြေအနေတွေက စိတ်မချမ်းမြေ့စရာတွေနဲ့ ပြည့်နှက်နေတယ် လို့လည်း သိရပါတယ်။

ZG
ညက ဝက္ဖို႔ဒ္ကို ၄-၁ နဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ မန္ယူ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြဟာ အသင္းရႈံးပြဲအတြက္ မ်က္ရည္ေတာင္ က်ခဲ့ၾကတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။
အမွတ္ေပးဇယား အဆင့္ ၁၆ ေနရာက ဝက္ဖို႔ဒ္ကို အေဝးကြင္းမွာ ႐ုပ္ပ်က္ဆင္းပ်က္ အေရးနိမ့္ခဲ့တာျဖစ္ၿပီး ဒီရႈံးပြဲက မန္ယူ အသင္း အေနအထားက ဘယ္ေလာက္အထိ ျဖစ္ေနၿပီလဲဆိုတာကို ကြက္ကြက္ကြင္းကြင္း ျမင္ခဲ့ရပါတယ္။
ပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားက ပရိသတ္ေတြကို ေတာင္းပန္မႈေတြျပဳလုပ္ခဲ့ေပမယ့္ ပရိသတ္ေတြက ေအာ္ဟစ္ ေလွာင္ေျပာင္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ကြင္းလယ္လူဖာနန္ဒက္စ္က ဝင္ေရာက္ ကာကြယ္ေပးခဲ့ရတဲ့အထိ ျဖစ္ခဲ့ရကာ လက္ရွိမွာေတာ့ ဆိုးလ္ရွားကို ရာထူးက ထုတ္ပယ္ဖို႔အတြက္ ယူႏိုက္တက္က စီစဥ္ေနၿပီျဖစ္ကာ ၄၈ နာရီအတြင္း သတင္းထုတ္ျပန္လိမ့္မယ္လို႔လည္း The Times က ေဖာ္ျပခဲ့ပါတယ္။
မန္ခ်က္စတာ ညေနခင္း သတင္းစာကလည္း ဝက္ဖို႔ဒ္နဲ႔ပြဲဟာ ဆိုးလ္ရွားအတြက္ မန္ယူႏိုက္တက္ နည္းျပဘ၀ ေနာက္ဆုံးပြဲလို႔ ယုံၾကည္ေနၾကၿပီး ထုတ္ပယ္ခံရဖို႔ကိုပါ ေမွ်ာ္လင့္ေနၾကတယ္လို႔ ဆိုပါတယ္။
ကစားသမားတခ်ိဳ႕က ဒီရႈံးပြဲအတြက္ ငိုေႂကြးခဲ့တယ္လို႔ သတင္းထြက္လာခဲ့ေပမယ့္ ဘယ္သူေတြလဲဆိုတာကိုေတာ့ အတိအက်မသိရဘဲ ရွိေနပါတယ္။ ခန႔္မွန္းမႈေတြအရေတာ့ ေရာ္နယ္ဒိုပါဝင္တယ္လို႔ ေျပာဆိုေနၾကၿပီး ရက္ရွ္ဖို႔ဒ္၊ ဒီဂီယာတို႔လည္း ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။
မန္ယူ အဝတ္လဲခန္းအတြင္းမွာလည္း တိတ္ဆိတ္ေနခဲ့ၿပီး ဘာစကားမွ မဆိုႏိုင္ေလာက္ေအာင္ အထိျဖစ္ခဲ့ၾကကာ စိတ္ဓာတ္က်၊ စိတ္ပ်က္လက္ပ်က္ျဖစ္ေနၿပီး အသင္းတြင္းအေျခအေနေတြက စိတ္မခ်မ္းေျမ့စရာေတြနဲ႔ ျပည့္ႏွက္ေနတယ္ လို႔လည္း သိရပါတယ္။