ရာသီသိမ်းပွဲ ဘရိုက်တန်နဲ့ ပွဲမှာ မန်ယူ ရှုံးဦးမှာ ဟောကိန်းထုတ်လာပြန်တဲ့ ဝါရင့် သုံးသပ်ရေး ဆရာကြီး
ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် အဖြစ် မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဘရိုက်တန်နဲ့ ကန်ရမှာ ဖြစ်ပြီး အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲ ဝါရင့် သုံးသပ်ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ယူနိုက်တက်ဟာ အရှုံးနဲ့ ရာသီသိမ်းရမယ်လို့ ယူဆထားပြီး ဘရိုက်တန် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းချက် ထုတ်ထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ယူနိုက်တက်က လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ဝင်ခွင့်မရှိဘဲ သူတို့ရဲ့ မျှော်လင့်ချက်ကတော့ အက်ဖ်အေဖလား ဖိုင်နယ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကြိုမှာ ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာရေးပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ကြံ့ခိုင်မှုကနေ ပြန်သက်သာလာတဲ့ ကစားသမား အချို့ကို ပွဲမိနစ်တွေ ပေးဖွယ် ရှိပါတယ်။
သူတို့ လူစာရင်း အပြည့်ရှိနေရင်တောင်မှ ဖိုင်နယ်မှာ မန်စီးတီးကို နိုင်စရာအကြောင်း မရှိပါဘူး။ ယူနိုက်တက်ကတော့ ဘရိုက်တန်ပွဲကို ရှုံးရင်တောင် အက်ဖ်အေဖလားပွဲကို ပုံပြီး အားထုတ်သွားဖို့ ရှိနေတာပါ။
အဲရစ်တန်ဟက်ရဲ့ အနာဂတ်က ဆွေးနွေးစရာကိစ္စ ဖြစ်နေဆဲပါ။ နောက်ရာသီ ယူနိုက်တက်မှာ သူ ဆက်ရှိနေမလား မသေချာပါဘူး။ အက်ဖ်အေ ဖလား အနိုင်ရရင်တော့ သူ့ရဲ့ နည်းပြနေရာကို ဆက်ထိန်းနိုင်ပါလိမ့်မယ်။
ပေါမာဆန် ခန့်မှန်းရလဒ်
ဘရိုက်တန် ၂-၁ မန်ချက်စတာ ယူနိုက်တက်။
ပွဲကစားမယ့် အချိန်ကတော့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲ အချိန်မှာပါ။