ဟယ်ရီကိန်း ကို နောက်ဆုံး အနေနဲ့ ကမ်းလှမ်းမှု ဒီတစ်ပတ်ထဲမှာ လုပ်ဖို့ မန်စီးတီး ပြင်ဆင်

မန်စီးတီးအသင်းသည် ဟယ်ရီကိန်းကိုခေါ်ယူရေးအတွက် ယခုတစ်ပတ်အတွင်း နောက်တစ်ကြိမ် ကြိုးစားသွားမည်ဟု တယ်လီဂရပ်သတင်းစာက ဖော်ပြသည်။ စပါးအသင်းအကြီးအကဲ လပ်ဗီသည် ကိန်းကို အသင်းပြောင်းရွှေ့ခွင့်ပေးရေးအတွက် ခေါင်းမာနေဆဲဖြစ်သည်။

မန်စီးတီးသည် အဂွဲရိုး၏နေရာတွင် အစားထိုးရန်အတွက် ဗဟိုတိုက်စစ်မှူးတစ်ဦး ရှာဖွေနေပြီး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် ကမ်းလှမ်းသော်လည်း ပယ်ချခြင်းခံခဲ့ရသည်။

အပြောင်းအရွှေ့ကာလ မပိတ်မီ သြဂုတ် ၃၁ မတိုင်မီတွင် အင်္ဂလန်အသင်းခေါင်းဆောင် ကိန်းကို ခေါ်ယူရန်အတွက် မန်စီးတီးအနေဖြင့် နောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် တနင်္ဂနွေနေ့ညက ကစားခဲ့သော ဝုဖ်အသင်းနှင့်ပွဲတွင် ပွဲချိန် ၇၂ မိနစ်၌ ဆွန်ဟောင်မင်၏နေရာတွင်ဝင်၍ စပါးအတွက် ယခုနှစ်ရာသီ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ကစားခဲ့သည်။ စပါးသည် ထိုပွဲတွင် ပွဲချိန် ၉ မိနစ်၌ ဒယ်လီအယ်လီ သွင်းယူသောဂိုး ၁-၀ ဖြင့် အနိုင်ရရှိခဲ့သည်။

ZG

မန္စီးတီးအသင္းသည္ ဟယ္ရီကိန္းကိုေခၚယူေရးအတြက္ ယခုတစ္ပတ္အတြင္း ေနာက္တစ္ႀကိမ္ ႀကိဳးစားသြားမည္ဟု တယ္လီဂရပ္သတင္းစာက ေဖာ္ျပသည္။ စပါးအသင္းအႀကီးအကဲ လပ္ဗီသည္ ကိန္းကို အသင္းေျပာင္းေ႐ႊ႕ခြင့္ေပးေရးအတြက္ ေခါင္းမာေနဆဲျဖစ္သည္။

မန္စီးတီးသည္ အဂြဲ႐ိုး၏ေနရာတြင္ အစားထိုးရန္အတြက္ ဗဟိုတိုက္စစ္မႉးတစ္ဦး ရွာေဖြေနၿပီး ဟယ္ရီကိန္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ ျဖင့္ ကမ္းလွမ္းေသာ္လည္း ပယ္ခ်ျခင္းခံခဲ့ရသည္။

အေျပာင္းအေ႐ႊ႕ကာလ မပိတ္မီ ၾသဂုတ္ ၃၁ မတိုင္မီတြင္ အဂၤလန္အသင္းေခါင္းေဆာင္ ကိန္းကို ေခၚယူရန္အတြက္ မန္စီးတီးအေနျဖင့္ ေနာက္ဆုံးတစ္ႀကိမ္ ကမ္းလွမ္းမႈျပဳလုပ္ရန္ စီစဥ္ေနျခင္းျဖစ္သည္။

ဟယ္ရီကိန္းသည္ တနဂၤေႏြေန႔ညက ကစားခဲ့ေသာ ဝုဖ္အသင္းႏွင့္ပြဲတြင္ ပြဲခ်ိန္ ၇၂ မိနစ္၌ ဆြန္ေဟာင္မင္၏ေနရာတြင္ဝင္၍ စပါးအတြက္ ယခုႏွစ္ရာသီ ပထမဆုံးအႀကိမ္အျဖစ္ ဝင္ေရာက္ကစားခဲ့သည္။ စပါးသည္ ထိုပြဲတြင္ ပြဲခ်ိန္ ၉ မိနစ္၌ ဒယ္လီအယ္လီ သြင္းယူေသာဂိုး ၁-၀ ျဖင့္ အႏိုင္ရရွိခဲ့သည္။