ဒီည ဘရိုက်တန် – မန်ချက်စတာ ယူနိုက်တက်ပွဲ ဘယ်လို ဂိုးရလဒ် ထွက်လာမလဲ ဘီဘီစီ ဆရာကြီးကတော့ ခန့်မှန်းပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲ အဖြစ် ဒီညမှာ ဘရိုက်တန်နဲ့ အဝေးကွင်းပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဘရိုက်တန် နည်းပြ ဒီဇာဘီက ရာသီကုန်ရင် ထွက်ခွာမှာ ဖြစ်လို့ ဒီပွဲဟာ သူ့အသင်းနဲ့ နောက်ဆုံးပွဲလည်း ဖြစ်လာမှာပါ။
ဘီဘီစီ သတင်းဌာနမှ ဘောလုံးပွဲ သုံးသပ်သူ ခရစ်ဆက်တန်က ဘရိုက်တန် – မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဘရိုက်တန်နဲ့ နည်းပြဒီဇာဘီအတွက် အဖျားရှုးသွားတဲ့ ဘောလုံးရာသီဖြစ်ကြောင်း ကျနော် ပြောထားပြီးပါပြီ။ ချယ်ဆီးနဲ့ပွဲမှာ သူတို့ရဲ့ ဆိုးရွားတဲ့ ပုံစံတွေက ဆက်ရှိနေခဲ့ပါတယ်။
ဒီပွဲကို အနိုင်ရမယ်ဆိုရင် ဘရိုက်တန်က ထိပ်ဆုံး ၁၀ သင်း စာရင်းထဲ ပါနိုင်ဦးမှာပါ။ စိတ်ပျက်စရာ ဘောလုံးရာသီမှာ သူတို့တွေ သိပ်ပြီး အခြေအနေ ဆိုးရွားနေလို့ မရပါဘူး။
ကြားရက်မှာ ယူနိုက်တက်က နယူးကာဆယ်ကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ အဆင့် ၈ မှာပဲ ဆက်ရှိနေပါတယ်။ ဒီအဆင့်မှာပဲ ဆက် ရပ်တည်နေမယ်ဆိုရင် သူတို့ရဲ့ ဘောလုံးရာသီကို တိတိကျကျ ရောင်ပြန်ဟပ်မှု ဖြစ်နေပါလိမ့်မယ်။” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
ဘရိုက်တန် ၂-၁ မန်ချက်စတာ ယူနိုက်တက်။
ပွဲချိန်ကတော့ ပွဲအားလုံး တနင်္ဂနွေည ၉နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။