ထွက်ချင်နေတဲ့ တန်ဟက်၊ မန်ယူနည်းပြသစ် ဖြစ်လာနိုင်သူများ၊ ဘရူနိုကို ကမ်းလှမ်းထားတဲ့ အယ်နာဆာ၊ အလှဆုံးဂိုး ဆုရ ဂါနာချိုနဲ့ မန်ယူ နောက်ဆုံးထွက် သတင်းများ

မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ စဉ်းစားနေတယ်လို့ သတင်းထောက် Dimarzio က ဖော်ပြခဲ့ပါတယ်။

တန်ဟက်သာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် ချဲလ်ဆီးနဲ့ မကြာသေးမီကမှ လမ်းခွဲခဲ့တဲ့ ပိုချက်တီနိုက နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ ပိုချက်တီနို အပြင် ကီရင် မက်ကီးနား၊ ဒီဇာဘီတို့နဲ့လည်း အစားထိုးနိုင်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ မူရီစီယို ပိုချက်တီနိုကို ယူနိုက်တက် ပူးတွဲ အသင်းပိုင်ရှင်သစ် အင်ညွန်က သဘောကျနေပြီး တွေ့ဆုံမှုတွေ လုပ်ထားပြီးပြီလို့ သိရပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ် အယ်နာဆာအသင်းက ဘရူနို ဖာနန်ဒက်စ်ကို ကြီးမားတဲ့ စာချုပ်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လိုက်ပြီလို့ သိရပါတယ်။

ဘရူနို ဖာနန်ဒက်စ်က မန်ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုချင်ပေမယ့် အသင်းက လက်ရှိမှာတော့ စာချုပ်သစ်အတွက် ကမ်းလှမ်းဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

အဲဗာတန်နဲ့ ပွဲစဉ်မှာ သွင်းခဲ့တဲ့ ဂါနာချိုရဲ့ နောက်ပြန်ကန်ချက်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရဲ့ အလှပဆုံး သွင်းဂိုးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

မန်စီးတီးဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်ကတော့ မန်ယူအသင်း ဂန္တဝင်နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာထက် သာလွန်ကောင်းမွန်နေသေးကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။