မန်စီးတီးနဲ့ ကန်ရမယ့် အက်ဖ်အေဖိုင်နယ် ပွဲ အမှီ လူစုံတက်စုံ ပြန်ဖြစ်လာနိုင်တဲ့ ယူနိုက်တက်
ဒီ စနေနေ့ မန်စီးတီအသင်းနဲ့ ကစားမယ့် အက်ဖ်အေ ဖလား ဖိုင်နယ်ပွဲအမှီ မန်ချက်စတာ ယူနိုက်တက် အသင်းကွင်းလယ် ကစားသမား မေဆွန်မောင့် ပြန်လည် ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိရာသီ အိုးထရတ်ဖို့ဒ်မှာ ရုန်းကန်နေရတဲ့ အဆိုပါ အဂ်လန်သားဟာ ပြိုင်ပွဲစုံ ၈ ပွဲသာ ပွဲထွက် ကစားခဲ့ရပြီး ဒဏ်ရာတွေနဲ့ အချိန်ပြည့်လုံးပမ်းနေခဲ့ရသူ တစ်ယောက် ဖြစ်ပါတယ်။

မေဆွန်မောင့်ဟာ ယခုရာသီမှာ ဒဏ်ရာ ၂ ကြိမ်အထိ ရရှိခဲ့တာကြောင့် ယခုလို ပွဲထွက်ခွင့် ကန့်သက်ခံလိုက်ရတာ ဖြစ် ပြီး အသင်းသစ်အတွက် ဖလားတစ်လုံး ရယူပေးနိုင်မယ့် အခွင့်အရေးတော့ ပိုင်ဆိုင်ထားပါတယ်။
မေဆွန်မောင့်အပါအဝင် အသင်းနောက်ခံလူ လုခ်ရှောလည်း အသင်းဖော်တွေနဲ့ ပြန်လည် လေ့ကျင့်နေပြီး နောက်ခံလူ မက်ဂွိုင်းယားလည်း ပြန်လည် ပါဝင်လာဖို့ ရှိနေကြောင်း သတင်းရရှိပါတယ်။
ဒါ့အပြင် အီဗန်စ်နဲ့ အတူ မာတီနက်ဇ်၊ တိုက်စစ်မှုး မာရှယ်တို့လည်း ပြန် ပါလာနိုငဖွယ် ရှိနေပါတယ်။ ဒါပေမယ့် မားကပ် ရက်ဖို့ဒ် အနေအထားကတော့ မသေချာသေးဘူးလို့ သိရပါတယ်။
ဘရူနို ဖာနန်ဒက်စ် အခြေအနေကိုလည်း ပွဲမတိုင်ခင်ထိ စောင့်ကြည့် ဆုံးဖြတ်မှာပါ။