အင်္ဂလန်အသင်းကနေ ချန်လှပ်ခံရတဲ့ အပေါ် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ တုန့်ပြန်ပြဖို့ ရက်ရှ်ဖို့ဒ်ကို တန်ဟက် တိုက်တွန်းထား
မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ တန်ဟတ် ကတော့ အင်္ဂလန် လက်ရွေးစင် အသင်းစာရင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို လာမယ့် အက်ဖ်အေပွဲစဉ်အတွင်း ပေါက်ကွဲပြဖို့ စိန်ခေါ်သွားခဲ့ပါတယ်။
အင်္ဂလန် အသင်းလူစာရင်းထဲ အမြဲလိုလို ပါဝင်နေခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ လာမယ့် ယူရိုမှာ ပါဝင်ကစားခွင့် ရမှာ မဟုတ်တာကြောင့် အားလုံးရဲ့ အံ့အားသင့်ခြင်း ခံနေရပါတယ်။

ဒါပေမယ့် အချို့ ပရိသတ် အတော်များများကတော့ နည်းပြ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူနေကြပြီး ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းက အဂ်လန် အသင်းနဲ့ ထိုက်တန်မှု မရှိကြောင်း သုံးသပ်ပြောဆိုနေကြပါတယ်။
မန်ယူ နည်းပြ အဲရစ် တန်ဟတ်က “ သူ့ကြည့်ရတာတော့ တော်တော်လေးကို ကောင်းမွန်နေပါတယ်၊ ကစားသမားတွေရဲ့ ဘဝတွေဆိုတာက အမြဲလိုလို အတက်အကျတွေချည်းပါပဲ၊အဲ့ဒီ အရာတွေကပဲ သူတို့ကို တွန်းအားလောင်စာတွေ ဖြစ်ပေါ်စေတာပါ။
ဒါ့ကြောင့် သူ့စိတ်ထဲ ပြင်းပြင်းထန်ထန်တော့ ဖြစ်နေလောက်မှာပါ၊ သူက အရည်အသွေး အပြည့်ရှိသူ တစ်ယောက်ဆိုတော့ ဒီအနေအထားကို ကျော်လွှားပြီး သွင်းဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ် ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီရာသီ ရလဒ်တွေ ကျဆင်းမှုကြောင့် နည်းပြ တန်ဟက်ကလည်း အက်ဖ်အေဖလား ရယူနိုင်သည် ဖြစ်စေ၊ မရသည် ဖြစ်စေ ရာထူးကနေ ထုတ်ပယ်ခံရမယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။