ဂန္တဝင် ဝိန်းရွန်းနီကို မန်ယူနည်းပြသစ် အဖြစ် မြင်ချင်နေတဲ့ သရဲနီဟောင်း ပက်ဂျီဆန်
မန်ယူနဲ့ တောင်ကိုရီးယား အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ပက်ဂျီဆန် ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးတဲ့နောက် အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သူ ဒါဘီနည်းပြ ဝိန်းရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း အကြံပေး လိုက်ပါတယ်။
မန်ယူက တန်းတက် အသင်းငယ် တသင်း ဖြစ်တဲ့ ဝက်ဖို့ဒ်အသင်းကို ညက အဝေးကွင်းမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ပြီးနောက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား နဲ့ အသင်းက လမ်းခွဲခဲ့ကြောင်းကို တနင်္ဂနွေနေ့ ညမှာပဲ တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။
ပက်ဂျီဆန်က – “ ကျွန်တော်ကတော့ ဝိန်း(ရွန်းနီ)က မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးနဲ့ သင့်တော်တဲ့ နည်းပြလို့ မြင်ပါတယ်။ သူက အသက်ငယ်ငယ်လေးထဲက အမျိုးအစား စုံလင်တဲ့ အတွေ့အကြုံတွေကို ရရှိခဲ့သူပါ။
ပြီးတော့ သူ့ရဲ့ ကစားသမား ဘဝမှာလည်း အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရသလို အဲ့ဒီ အခက်အခဲတွေ ကိုလည်း ပြောင်းပြန် လှန်ပစ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ဆီမှာ ခေါင်းဆောင်ကောင်း တယောက်ရဲ့ စိတ်ဓာတ်မျိုး ရှိနေမယ် ဆိုတာ အသေအချာပါပဲ။ ကျွန်တော်ကတော့ သူဟာ အနာဂတ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။
လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းက ဆိုးလ်ရှား ကို ထုတ်ပယ်လိုက်ပြီးနောက် သူ့ရဲ့နေရာမှာ ကစားသမားဟောင်းတွေဖြစ်တဲ့ ဖလက်ချာနဲ့ ကာရစ်တို့ က ယာယီနည်းပြအဖြစ် ခန့်လိုက်ပြီ ဖြစ်ပါတယ်။

ZG
မန္ယူနဲ႔ ေတာင္ကိုရီးယား အသင္းတို႔ရဲ႕ ဂႏၲဝင္ ကြင္းလယ္လူ တဦး ျဖစ္သူ ပက္ဂ်ီဆန္ ကေတာ့ သူ႔ရဲ႕ အသင္းေဟာင္း မန္ခ်က္စတာ ယူႏိုက္တက္ ဟာ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ၿပီးတဲ့ေနာက္ အသင္းရဲ႕ ထာဝရ ဂိုးသြင္း အမ်ားဆုံး ကစားသမား ျဖစ္သူ ဒါဘီနည္းျပ ဝိန္း႐ြန္းနီကို နည္းျပသစ္ အျဖစ္ ခန္႔အပ္သင့္ေၾကာင္း အႀကံေပး လိုက္ပါတယ္။
မန္ယူက တန္းတက္ အသင္းငယ္ တသင္း ျဖစ္တဲ့ ဝက္ဖို႔ဒ္အသင္းကို ညက အေဝးကြင္းမွာ ၄-၁ ဆိုတဲ့ ရလဒ္နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ၿပီးေနာက္ အသင္းရဲ႕ နည္းျပျဖစ္သူ အိုေလဂန္နာ ဆိုးလ္ရွား နဲ႔ အသင္းက လမ္းခြဲခဲ့ေၾကာင္းကို တနဂၤေႏြေန႔ ညမွာပဲ တရားဝင္ ထုတ္ျပန္ ေၾကညာသြားပါတယ္။
ပက္ဂ်ီဆန္က – “ ကြၽန္ေတာ္ကေတာ့ ဝိန္း(႐ြန္းနီ)က မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ နည္းျပရာထူးနဲ႔ သင့္ေတာ္တဲ့ နည္းျပလို႔ ျမင္ပါတယ္။ သူက အသက္ငယ္ငယ္ေလးထဲက အမ်ိဳးအစား စုံလင္တဲ့ အေတြ႕အႀကဳံေတြကို ရရွိခဲ့သူပါ။
ၿပီးေတာ့ သူ႔ရဲ႕ ကစားသမား ဘဝမွာလည္း အခက္အခဲေတြ အမ်ားႀကီးနဲ႔ ရင္ဆိုင္ခဲ့ရသလို အဲ့ဒီ အခက္အခဲေတြ ကိုလည္း ေျပာင္းျပန္ လွန္ပစ္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူ႔ဆီမွာ ေခါင္းေဆာင္ေကာင္း တေယာက္ရဲ႕ စိတ္ဓာတ္မ်ိဳး ရွိေနမယ္ ဆိုတာ အေသအခ်ာပါပဲ။ ကြၽန္ေတာ္ကေတာ့ သူဟာ အနာဂတ္မွာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာမယ္လို႔ ယုံၾကည္ထားပါတယ္” ဆိုၿပီး ေျပာၾကားသြားခဲ့တာပါ။
လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းက ဆိုးလ္ရွား ကို ထုတ္ပယ္လိုက္ျပီးေနာက္ သူ႔ရဲ႕ေနရာမွာ ကစားသမားေဟာင္းေတြျဖစ္တဲ့ ဖလက္ခ်ာနဲ႔ ကာရစ္တို႔ က ယာယီနည္းျပအျဖစ္ ခန္႔လိုက္ျပီ ျဖစ္ပါတယ္။