ဘာစီလိုနာကနေ ထွက်လာတဲ့ နည်းပြ ဇာဗီကို မန်ယူအသင်း မျက်စိကျပြီး ချဉ်းကပ်မှု ပြုလုပ်နေ

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အခုချိန်ထိ စိတ်ကျေနပ်မှု မရသေးတဲ့ နည်းပြနေရာအတွက် ချဉ်းကပ်မှုအသစ်တစ်ခု ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ယူနိုက်တက်အနေနဲ့ တန်ဟက်ရဲ့ အနာဂတ်အပေါ် သေချာတဲ့ဆုံးဖြတ်ချက် မပေးနိုင်တာကြောင့် အကယ်၍ တန်ဟက်ကိုသာ ထုတ်ပယ်လိုက်မယ် ဆိုပါက နည်းပြနေရာမှာ ဇာဗီကို အစားထိုးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

နည်းပြ ဇာဗီကတော့ ဘာစီလိုနာမှာ ဆက်ရှိဖို့ သဘောတူထားပြီးကာမှ လမ်းခွဲလိုက်တာဖြစ်တဲ့အပြင် လာလီဂါမှာလည်းဆက် မရှိချင်တော့တာကြောင့် ပရီးမီးယားလိဂ်ကို ရောက်လာနိုင်ချေရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက် အတွက်ကတော့ တကယ်ပဲ ဇာဗီကို ချဉ်းကပ်မှုကနေ ယူနိုက်တက်ရဲ့နည်းပြသစ် အမှန်တကယ်ဖြစ်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

ဇာဗီကတော့ ငယ်ရွယ်ပေမယ့် ဘာစီလိုနာ လို ကလပ်အသင်းကြီးကို ကိုင်တွယ်ထားတဲ့ အတွေ့အကြုံကောင်း ရှိတာကြောင့် ယူနိုက်တက် မျက်စိကျစရာ ဖြစ်နေပါတယ်။

အဲရစ် တန်ဟက်ကလည်း ယူနိုက်တက်မှာ လာမယ့် ရာသီ ဆက်ရှိရမှာလား သူ့ အနာဂတ်ကို အမြန်ဆုံး အသိပေးဖို့ ကလပ်အသင်းထံ တောင်းဆိုထားပါတယ်။