ကာဆီမီရို ကို သန်း ၁ဝဝ နဲ့ ခေါ်ချင်တဲ့ ကလပ်၊ ဆန်ချို ပြန်လာချင်လား၊ သန်း ၆ဝ တန် တိုက်စစ်မှုး ပစ်မှတ်နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

ဆော်ဒီပရိုလိဂ်ကလပ် အယ်နာဆာ အသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ကာဆီမီရိုကို ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေကြောင်း သတင်းထွက်လာပါတယ်။

မာရှယ်ကို ထွက်ခွာခွင့် ပေးလိုက်တဲ့ မန်ချက်စတာယူနိုက်တက်ဟာ အစားထိုး ခေါ်ယူမှု အဖြစ် ဝုဗ် တိုက်စစ်မှုး Matheus Cunha ကို မျက်စိကျနေပါတယ်။ ကစားသမား အတွက် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၆ဝ လောက် သုံးရဖွယ် ရှိပါတယ်။

ဒေါ့မွန်မှာ အငှားထွက်ကစားရင်း ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့တဲ့ ဆန်ချို ဟာ မန်ချက်စတာ ယူနိုက်တက် သို့ ပြန်လာကာ ပရီးမီးယားလိဂ်မှာလည်း အစွမ်းပြချင်နေပေမယ့် နည်းပြ အဲရစ်တန်ဟက် မရှိမှသာ ပြန်လာလိုနေပါတယ်။

မန်ယူအသင်း တောင်ပံကစားသမားလေး ဂရင်းဝုဒ်ရဲ့ အသင်းသစ်ကို မန်ယူဘက်က ကြိုတင် သက်မှတ်ထားပြီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မန်ယူ တိုက်စစ်ဟောင်း မန်းဖစ် ဒီပေး ကို လက်ရှိကလပ် အက်သလက်တီကို မက်ဒရစ်က လာမယ့်ရာသီအတွက် သက်တမ်းတိုး စာချုပ်သစ် မချုပ်တော့ဘဲ အလွတ်နဲ့ ထွက်ခွာခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။

မန်ယူအသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ အသင်းတို့က ခေါ်ယူလိုနေပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က အသင်းရဲ့ အသုံးမဝင်တဲ့ တန်းကြေးမြင့်ကစားသမား ခေါ်ယူမှုတွေနဲ့ပတ်သက်ပြီး သူ့မှာတာဝန်မရှိဘူးလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။