ခက်ခဲကြမ်းတမ်းမယ့် လမ်းကနေ ပရီးမီးယားလိဂ်ထံ တကျော့ပြန်လာဖွယ် ရှိတဲ့ အိုလီဂန်းနား ဆိုးလ်ရှား
မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာသွားတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်မှာ နည်းပြ အဖြစ် တကျော့ပြန်ခြေချလာဖို့ ရှိနေပါတယ်။
တန်းပြန်တက်လာတဲ့ လက်စတာအသင်း ဟာ ချဲလ်ဆီးကို ကိုင်တွယ်ရန် ထွက်ခွာသွားတဲ့ နည်းပြအန်ဇိုမာရက်စ်ကာရဲ့နေရာမှာ အစားထိုးဖို့ ယူနိုက်တက်နည်းပြဟောင်းကို ဆက်သွယ်ထားပြီ လို့ သိရပါတယ်။

ဆိုးလ်ရှားဟာလည်း ချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်ပြီး တန်းပြန်တက်လာတဲ့ လက်စတာ အသင်း အား ပရီးမီးယားလိဂ်တွင် ဆက်လက်ရှင်သန်ရေး စိန်ခေါ်မှုအား လက်ခံရန် ဆန္ဒပြင်းပြနေပါတယ်။
လက်စတာဥက္ကဌ တော့ပ်ဆရီဗက်ဒါနာပရက်ဟာဟာ ယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီးအား အလွန်သဘောကျသူလည်း ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ကလပ်နှင့် လက်ရွေးစင်အသင်းနည်းပြရာထူးတို့အတွက် ကမ်းလှမ်းခံခဲ့ရပေမဲ့လည်း ပယ်ချခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယခုနွေရာသီတွင် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်ရန် စီစဉ်ထားပြီး ဘီဆစ်တပ်နည်းပြရာထူးအတွက် အင်တာဗျူးပြုလုပ်ခဲ့ပေမဲ့ ဗန်ဘရွန်းခရော့စ်အား ရှုံးနိမ့်သွားခဲ့ပါတယ်။
တကယ်လို့များ ဆိုးလ်ရှားဟာ လက်စတာနည်းပြရာထူးကို လက်ခံလာပါက ကြီးမားတဲ့ စိန်ခေါ်မှု ရင်ဆိုင်လာရဖို့ ရှိပါတယ်။
လက်စတာဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် အမှတ်လျှော့ဖြင့် ရာသီစတင်ရကိန်း ဆိုက်နေတဲ့ ကလပ် ဖြစ်ပါတယ်။