ဘယ်အသင်းကို ရွေးမလဲ? အနာဂတ်ကို ဆုံးဖြတ်လိုက်တဲ့ မန်ယူ၊ အာဆင်နယ်၊ ချဲလ်ဆီး ပစ်မှတ် ဆက်စ်ကို

ပရီးမီးယားဂ် အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်နဲ့ ချဲလ်ဆီး ပစ်မှတ် ဖြစ်နေတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကို ကတော့ သူ့ အနာဂတ်ကို ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ အဆိုပါ စလိုဗေးနီးယား ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လိုက်ပ်ဇစ်အသင်းဘက်က သူတို့ကို ကစားသမားကို လတ်တလော ရောင်းချသွားဖို့ အစီအစဉ် မရှိပါဘူး။

ကစားသမားကလည်း ဒီနွေမှာ အသင်းပြောင်းရွှေ့မှာ မဟုတ်ဘဲ လက်ရှိကလပ် လိုက်ပ်ဇစ်မှာပဲ ဆက်နေဖို့ ဆုံဖြတ်လိုက်ပြီ လို့ သတင်းရရှိပါတယ်။

ဆက်စ်ကို ဟာ ပြီးခဲ့တဲ့ ရာသီကမှ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့လာသူ တစ်ယောက် ဖြစ်ပြီး ယူရို ၂၄ သန်းသာ လိုက်ပ်ဇစ်တို့ ကုန်ကျခဲ့ရကာ လက်ရှိ တန်ကြေးအရ ပေါင် သန်း ၇၀ အထက်အထိ သက်မှတ်ခြင်း ခံထားရပါတယ်။

ပြီးခဲ့တဲ့ ရာသီပွဲဉီးထွက်မှာတင် ဆက်စ်ကို ဟာ ၄၂ ပွဲမှာ သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ၇ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း ရရှိခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။