စီးရီးအေသွားမယ့် သရဲနီကွင်းလယ်၊ ပေါ်လင်ညာ၊ တန်ဟက် သက်တမ်းတိုးစာချုပ်၊ ငြင်းသွားတဲ့ ယိုရို၊ ဆက်ကိုနဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းထူးများ

မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ၂၀၂၃-၂၄ ရာသီအား ဆန်းစစ်သုံးသပ်မှု ပြုလုပ်ပြီးနောက် အဲရစ်တန်ဟက်ကို နည်းပြအဖြစ် ဆက်လက် ခန့်အပ်ရန် ဆုံးဖြတ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ တစ်နှစ် စာချုပ်သက်တမ်းသာ ကျန်တော့တဲ့ အဲရစ်တန်ဟက်အား စာချုပ် သက်တမ်းတိုးချုပ်ဆိုရန်ပါ စီစဉ်နေပြီ ဖြစ်ပါတယ်။

လိုင်လီခံစစ်မှူး ယိုရိုဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ကာ ရီးရဲလ်မက်ဒရစ်ထံပဲ ပြောင်းရွှေ့လိုနေပါတယ်။

ယူနိုက်တက်ရဲ့ လူငယ် ကွင်းလယ် ကစားသမား အိုမာရီ ဖော်ဆန်ဟာ ယခုလအကုန်တွင် ယူနိုက်တက်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် စီးရီးအေကလပ် မွန်ဇာသို့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ဖော်ဆန်ဟာ မွန်ဇာနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုမှာပါ။

လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်ကိုဟာ မန်ယူ၊ အာဆင်နယ်နဲ့ ချယ်ဆီးတို့ကို ငြင်းဆန်ပြီး လိုက်ဇစ်နဲ့ စာချုပ်သစ် သက်တမ်း တိုးကာ ဂျာမာန်မြေမှာပဲ ဆက်နေဖွယ် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဖူလ်ဟမ်ကွင်းလယ်လူ ပါလင်ညာကို ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းပြီး မအောင်မြင်ခဲ့ပါဘူး။ ပေါ်တူဂီသားရဲ့ အနေအထားကို မန်ချက်စတာ ယူနိုက်တက်ကလည်း စောင့်ကြည့်နေပါတယ်။