စာချုပ်သစ် သက်တမ်းတိုးချင်ရင် ဆန်ချို ကိစ္စ အပါအဝင် အချက် ၃ ချက် လိုက်လျောဖို့ မန်ယူအသင်းအား တန်ဟက် တောင်းဆိုမည်

နည်းပြ အဲရစ်တန်ဟက်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ သက်တမ်းတိုး စာချုပ်သစ်ကိစ္စ ဆွေးနွေးရာမှာ တင်းကြပ်စွာကိုင်တွယ်လာဖို့ စီစဉ်နေပါတယ်။

ယူနိုက်တက်ဟာ သင့်တော်တဲ့ အစားထိုးနည်းပြရှာဖွေ မရရှိပြီးနောက် အဲရစ်တန်ဟက်ကို နည်းပြအဖြစ် ဆက်လက် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ရဲ့ ကစားသမားအပြောင်းအရွှေ့အား ထိန်းချုပ်လုပ်ဆောင်မှုကို ရုတ်သိမ်းတော့မှာပါ။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြဘဝအတွင်းတွင် အပြောင်းအရွှေ့စရိတ် ပေါင် ၄၁၁ သန်း အသုံးပြုကာ ကစားသမား ၁၆ ဦး ခေါ်ယူခဲ့ရာမှာ အောင်မြင်တဲ့ အပြောင်းအရွှေ့ ၄ ခုသာ ရှိပါတယ်။

နယ်သာလန်သား နည်းပြကို အပြည့်အဝ အားရကျေနပ်ခြင်း မရှိသည့်တိုင် မန်ချက်စတာ ယူနိုက်တက်ဟာ ၁ နှစ် စာချုပ်သက်တမ်းသာ ကျန်တော့တဲ့ အဲရစ်တန်ဟက်ကို စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေပါတယ်။ တန်ဟက်ဘက်ကတော့ စာချုပ်သစ် မချုပ်ဆိုမီ ယူနိုက်တက်အား တောင်းဆိုမှု ၃ ခု ပြုလုပ်ရန် စီစဉ်ထားပါတယ်။

အဲရစ်တန်ဟက်ဘက်က ယူနိုက်တက်အား တောင်းဆိုလာမဲ့ တောင်းဆိုမှု ၃ ခုက နံပါတ် ၁ နည်းဗျူဟာပိုင်းနှင့်ပတ်သက်ပြီး စွက်ဖက်မှု မပြုလုပ်ရန်၊ နံပါတ် ၂ ဆန်ချိုဘက်က တောင်းပန်လာပါကလည်း ပထမအသင်းနှင့် ပူးပေါင်းခွင့် ပေးမည်မဟုတ်၊ နံပါတ် ၃ လက်ထောက်နည်းပြ ဘင်မက္ကာသီအား စာချုပ်သစ်ချုပ်ဆိုပေးရန် တို့ ဖြစ်ပါတယ်။

တန်ဟက် ဟာ သူနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ ဆန်ချို ကို အခုထိ အခဲကြေဟန် မရှိပါဘူး။ ဒေါ့မွန်နဲ့ အတူ ချန်ပီယံလိဂ် ဖိုင်နယ်ထိ ရောက်အောင် ဆန်ချို အငှားထွက် ကစားရင်း အောင်မြင်ခဲ့သည်တိုင် တန်ဟက် ဘက်က လျှော့ပေးဖွယ် မရှိပါဘူး။

အဲရစ်တန်ဟက်ဟာ ထို တောင်းဆိုချက် ၃ ခု ရရှိမှသာလျှင် စာချုပ်သစ်ချုပ်ဆိုမယ်လို့ သိရပါတယ်။