အသင်း ဆုံးဖြတ်ချက်ကို အံ့သြနေတဲ့ သရဲနီများ၊ ပြန်ကောင်းသွားတဲ့ လုခ်ရှော၊ ဘိုင်ယာ၊ ဘရိတ်ဝိတ်၊ ဆန်ချို တို့နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းထူးများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ တန်ဟတ် ကို နောက်ထပ် ၂ နှစ် ထပ်မံ သက်တမ်းတိုးမြှင့်ဖို့ ပြင်ဆင်နေပါတယ်။

မန်ယူအသင်း ကစားသမားအချို့တော့ တန်ဟတ် ကို နည်းပြရာထူးမှာ ဆက်ထားခဲ့တဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ကို အံ့အားသင့်နေကြောင်း သိရှိရပါတယ်။

မန်ယူ တိုက်စစ်မှုး မာရှယ် ဟာ အသင်းသစ်ရှာမတွေ့သေးပေမယ့် အသင်းအတွက် စတင် ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း အေးဂျင့်က အသိပေး ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းအလိုရှိနေတဲ့ နယူးကာဆယ် အားကစားဒါရိုက်တာ အက်ရှ်ဝါ့ဒ်သာ အခြား ပရီးမီးယားလိဂ် ကလပ် အသင်း တစ်သင်းနဲ့လည်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

မန်ချက်စတာယူနိုက်တက် လူငယ်ကြယ်ပွင့်ဖြစ်သူ ဂရင်းဝုဒ်ဟာ စီးရီးအေထိပ်သီး ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီလို့ သတင်းထွက်နေပါတယ်။

ဒဏ်ရာ ကြောင့် အနားယူနေရတဲ့ အဂ်လန်နောက်ခံ အစွန်လူ လုခ်ရှော တစ်ယောက် အသင်းနဲ့ ပြန်လည် လေ့ကျင့် နေနိုင်ပြီ ဖြစ်တာကြောင့် ဆောက်ဂိတ်အတွက် သက်သာရာ ရခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် ခံစစ်မှူး ဘရိတ်ဝိတ်ကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရသွားပြီ လို့ သတင်းထွက်ပေါ်နေပါတယ်။

စာချုပ်ဖျက်သိမ်းကြေး ပေါင် (၂၇)သန်းတည်းသာ တန်ကြေးရှိနေတဲ့ ဟော်ဖန်ဟင်မ်အသင်းရဲ့ လူငယ် တိုက်စစ်ကစားသမားလေးဖြစ်သူ မက်ဇီမီလီယန် ဘိုင်ယာကို မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ဆက်သွယ်မေးမြန်းမှုတွေပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နည်းပြတန်ဟက် ယူနိုက်တက်မှာ ဆက်ရှိနေမှာဖြစ်လို့ တိုက်စစ်မှူး ဆန်ချိုက ဒီနွေမှာ အသင်းသစ်ထံ ကူးပြောင်းသွားဖို့ ပိုမို ဖြစ်နိုင်ချေ များလာပါပြီ။