ရေသန့်ဗူး အစွမ်းနဲ့ ၄ မိနစ်ပဲ ကစားပြီး ပွဲရပ်လိုက်ရတဲ့ လိုင်ယွန်နဲ့ မာဆေးလ်ပွဲ

မနေ့ညက မာဆေးလ်နဲ့ လိုင်ယွန်ပွဲစဉ်ဟာ မိနစ်အနည်းငယ်သာ ကစားခဲ့ရပြီး ပါယက်ကို ပွဲကြည့်စင်ပေါ်ကနေ ရေသန့်ဘူးနဲ့ ပစ်ပေါက်ခဲ့ခြင်းကြောင့် ရပ်နားခဲ့ရပါတယ်။

ပါယက်ဟာ ထောင့်ကန်ဘောကန်ဖို့ ပြင်ဆင်နေချိန် ခေါင်းကို ရေသန့်ဘူးနဲ့ ပစ်ပေါက်ခြင်းခံခဲ့ရပြီး ထိသွားခဲ့တာကြောင့် မြေပြင်ပေါ် လဲကျသွားခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရူဒီ ဘူကွက်ဟာ ပွဲကို ချက်ချင်းရပ်လိုက်ပြီး အသင်း၂သင်းစလုံးကို အဝတ်လဲခန်းအသီးသီးထံ ပြန်လွှတ်ခဲ့ပါတယ်။

၂နာရီလောက် ကြာပြီးချိန်မှာတော့ ကစားသမားတွေရဲ့ လုံခြုံမှုကို အာမမခံနိုင်တဲ့အတွက် ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ လိုင်ယွန်ဥက္ကဌ အောလက်က ဒေသခံ တာဝန်ရှိသူတွေဟာ ကနဦး ပွဲကို ပြန်စဖို့ ဆုံးဖြတ်ခဲ့တာကြောင့် မာဆေးလ် ကစားသမားတွေရဲ့ ပေါက်ကွဲမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။

အောလက်က “ပွဲကို ဆက်ကစားဖို့ ဆုံးဖြတ်လိုက်ချိန် မာဆေးလ်ထံကနေ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်က အ့ဒီမှာ ပွဲကို ရပ်ဖို့သာ ဆုံးဖြတ်ကြောင်း တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက် ဒိုင်က ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ နယ်ခံတာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ကွင်းလယ်ဒိုင် ဘူကွက်ကလည်း သူ့ရဲ့ အားကစားဆိုင်ရာ ဆုံးဖြတ်ချက်ဟာ ပွဲကို ရပ်တန့်လိုက်ဖို့သာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဘူကွက်က “ကျွန်တော့်ရဲ့ အားကစားဆိုင်ရာ ဆုံးဖြတ်ချက်က ပွဲကိုဆက်မကစားဖို့ပါပဲ။ ဒါပေမဲ့ လူသိရှင်ကြား အမိန့်တစ်ခုက ဝင်ပြီး နှောင့်ယှက်သွားပါတယ်။ ကျွန်တော် ပွဲကို ဆက်မကစားဖို့ ဆုံးဖြတ်ချက်အတိုင်း ဆက်ရှိခဲ့ပါတယ်။ ကျွန်တော့် ဆုံးဖြတ်က အားကစားဆိုင်ရာ အကြောင်းပြချက်နဲ့ ပွဲကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခုလိုမျိုး ပြောတဲ့သူတွေ ရှိပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ချခဲ့တာက ကျွန်တော်ပါပဲ”လို့ ပြောခဲ့ပါတယ်။

ယခုနှစ်ရာသီ လီဂူးဝမ်းမှာ ပရိသတ်သောင်းကျန်းမှုကြောင့် ပွဲဖျက်ရတာ၊ ပွဲကို ရပ်နားရတာတွေ ဖြစ်နေခဲ့ပြီး ဩဂုတ်လတုန်းကလည်း မာဆေးလ်နဲ့ပွဲအတွင်း နိုက်စ်ပရိသတ်တွေ ကွင်းထဲ ပြေးဝင်လာတာကြောင့် ပွဲကို ရပ်နားခဲ့ရပါတယ်။

ZG

မေန႔ညက မာေဆးလ္နဲ႔ လိုင္ယြန္ပြဲစဥ္ဟာ မိနစ္အနည္းငယ္သာ ကစားခဲ့ရၿပီး ပါယက္ကို ပြဲၾကည့္စင္ေပၚကေန ေရသန႔္ဘူးနဲ႔ ပစ္ေပါက္ခဲ့ျခင္းေၾကာင့္ ရပ္နားခဲ့ရပါတယ္။

ပါယက္ဟာ ေထာင့္ကန္ေဘာကန္ဖို႔ ျပင္ဆင္ေနခ်ိန္ ေခါင္းကို ေရသန႔္ဘူးနဲ႔ ပစ္ေပါက္ျခင္းခံခဲ့ရၿပီး ထိသြားခဲ့တာေၾကာင့္ ေျမျပင္ေပၚ လဲက်သြားခဲ့ပါတယ္။ ကြင္းလယ္ဒိုင္႐ူဒီ ဘူကြက္ဟာ ပြဲကို ခ်က္ခ်င္းရပ္လိုက္ၿပီး အသင္း၂သင္းစလုံးကို အဝတ္လဲခန္းအသီးသီးထံ ျပန္လႊတ္ခဲ့ပါတယ္။

၂နာရီေလာက္ ၾကာၿပီးခ်ိန္မွာေတာ့ ကစားသမားေတြရဲ႕ လုံၿခဳံမႈကို အာမမခံႏိုင္တဲ့အတြက္ ပြဲကို ဖ်က္သိမ္းခဲ့ပါတယ္။ လိုင္ယြန္ဥကၠဌ ေအာလက္က ေဒသခံ တာဝန္ရွိသူေတြဟာ ကနဦး ပြဲကို ျပန္စဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ မာေဆးလ္ ကစားသမားေတြရဲ႕ ေပါက္ကြဲမႈနဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ ေျပာျပခဲ့ပါတယ္။

ေအာလက္က “ပြဲကို ဆက္ကစားဖို႔ ဆုံးျဖတ္လိုက္ခ်ိန္ မာေဆးလ္ထံကေန ျပင္းထန္တဲ့ တုံ႔ျပန္မႈနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ကြင္းလယ္ဒိုင္က အ့ဒီမွာ ပြဲကို ရပ္ဖို႔သာ ဆုံးျဖတ္ေၾကာင္း တာဝန္ရွိသူေတြကို ေျပာခဲ့ပါတယ္။ အဲ့ဒီေနာက္ ဒိုင္က ဆုံးျဖတ္ခ်က္ကို ျပန္ျပင္ဖို႔ နယ္ခံတာဝန္ရွိသူေတြကို ေတာင္းဆိုခဲ့ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

ကြင္းလယ္ဒိုင္ ဘူကြက္ကလည္း သူ႔ရဲ႕ အားကစားဆိုင္ရာ ဆုံးျဖတ္ခ်က္ဟာ ပြဲကို ရပ္တန႔္လိုက္ဖို႔သာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ဘူကြက္က “ကြၽန္ေတာ့္ရဲ႕ အားကစားဆိုင္ရာ ဆုံးျဖတ္ခ်က္က ပြဲကိုဆက္မကစားဖို႔ပါပဲ။ ဒါေပမဲ့ လူသိရွင္ၾကား အမိန႔္တစ္ခုက ဝင္ၿပီး ေႏွာင့္ယွက္သြားပါတယ္။ ကြၽန္ေတာ္ ပြဲကို ဆက္မကစားဖို႔ ဆုံးျဖတ္ခ်က္အတိုင္း ဆက္ရွိခဲ့ပါတယ္။ ကြၽန္ေတာ့္ ဆုံးျဖတ္က အားကစားဆိုင္ရာ အေၾကာင္းျပခ်က္နဲ႔ ပြဲကို ရပ္တန႔္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ခုလိုမ်ိဳး ေျပာတဲ့သူေတြ ရွိေပမဲ့ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ခ်ခဲ့တာက ကြၽန္ေတာ္ပါပဲ”လို႔ ေျပာခဲ့ပါတယ္။

ယခုႏွစ္ရာသီ လီဂူးဝမ္းမွာ ပရိသတ္ေသာင္းက်န္းမႈေၾကာင့္ ပြဲဖ်က္ရတာ၊ ပြဲကို ရပ္နားရတာေတြ ျဖစ္ေနခဲ့ၿပီး ဩဂုတ္လတုန္းကလည္း မာေဆးလ္နဲ႔ပြဲအတြင္း ႏိုက္စ္ပရိသတ္ေတြ ကြင္းထဲ ေျပးဝင္လာတာေၾကာင့္ ပြဲကို ရပ္နားခဲ့ရပါတယ္။