ပိုချက်တီနိုနဲ့ မန်ချက်စတာ ယူနိုက်တက် မနီးစပ်နိုင်အောင် ချုပ်ထားခဲ့တဲ့ ချယ်ဆီး
ဝါရင့် နည်းပြ ပိုချက်တီနို ဟာ ဘောလုံးရာသီ ပြီးဆုံးချိန် ချယ်ဆီးအသင်းထံကနေ မမျှော်လင့်ဘဲ ထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက် အသင်းသစ် လက်မခံတော့ဘဲ အနားယူနေတာက ချယ်ဆီးအသင်းရဲ့ ချုပ်ကွက်ကြောင့်လို့ ထွက်ပေါ်လာပါတယ်။
ဒါကြောင့် ပိုချက်တီနိုဟာ နည်းပြသစ် ရှာဖွေနေခဲ့သေးတဲ့ မန်ချက်စတာ ယူနိုက်တက်ကိုလည်း လက်မခံခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ကလည်း ပိုချက်တီနို ကို ချိတ်ဆက်ခဲ့သေးပေမယ့် အဆုံးမှာတော့ အဲရစ်တန်ဟက်ကိုပဲ ဆက်ခန့်လိုက်ကာ အာဂျင်တိုင်းသား နည်းပြ အပေါ် စိတ်ဝင်စားမှု အဆုံးသတ်ခဲ့ရပါတယ်။
ဒေးလီးမေးလ် သတင်းဌာန ဖော်ထုတ်ချက် အရတော့ ပိုချက်တီနိုနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပေါင်းစည်းရေးဟာ ချယ်ဆီးအသင်းရဲ့ စာချုပ်ပါ အချက်တစ်ခု အရ အဆင်မပြေ ဖြစ်သွားခဲ့ရတယ် လို့ သိရပါတယ်။
ပိုချက်တီနို စတန်းဖို့ဘရစ်ချ်က ထွက်ခွာသွားချိန်မှာ ချယ်ဆီးအသင်းက ၂၀၂၅ မတိုင်ခင် နောက်ထပ် အသင်းတစ်သင်းကို နည်းပြ အဖြစ် ကိုင်မယ် ဆိုရင် လျော်ကြေး ပေးရမယ်လို့ သဘောတူညီမှု တစ်ချက် နဲ့ ချုပ်ထားခဲ့ပါတယ်။
ဒါကြောင့် ပိုချက်တီနို ဟာ ၂၀၂၄ နှစ်ကုန်ထိ ကလပ်အသင်းသစ် ကိုင်တွယ်ဖွယ် မရှိဘဲ အနားယူနေဖွယ် ရှိနေပါတယ်။