အင်္ဂလန်သား တိုက်စစ်သမားကို ရောင်းထုတ်ရေး အကောင်းဆုံး လမ်းတွေ ခင်းပေးလိုက်တဲ့ မန်ယူအသင်း
မန်ချက်စတာ ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂရင်းဝုဒ်ကို အပြီးသတ် ဝယ်ယူခွင့်ပါရှိတဲ့ အငှားစာချုပ်နဲ့ ထွက်ခွာခွင့် ပေးလိုက်ပြီ လို့ သတင်း ထွက်လာပါတယ်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ စပိန်တွင် ရလဒ်ကောင်းများရရှိနေစဉ် ၂၀၂၃-၂၄ ရာသီတွင် ဂီတာဖေးအတွက် မျက်စိကျစရာဖြစ်ခဲ့ပါတယ်။ သူဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဂီတာဖေးတွင် ရရှိခဲ့ပြီး ယခုအခါ ဥရောပတစ်ဝှမ်းရှိ ကလပ်အသင်းများနှင့် ချိတ်ဆက်နေပါတယ်။

ဂျူဗင်တပ်စ်၊ အက်သလက်တီကိုမက်ဒရစ်၊ နာပိုလီနှင့် ဒေါ့မွန်တို့ဟာ အင်္ဂလန်သားကို စိတ်ဝင်စားနေပါတယ်။ တူရင်အခြေစိုက် စီးရီးအေ အသင်းဟာကလည်း သူ့ကိုခေါ်ယူဖို့ ချဉ်းကပ်နေပြီး ကမ်းလှမ်းမှုတွေ လုပ်ဖွယ်ရှိနေပါတယ်။
ယူနိုက်တက်ဟာ နောက်ထပ် အငှားချခြင်းအတွက် မည်သို့လုပ်ဆောင်မည်ကို ဖာဘရီဇီယိုရိုမာနိုက CaughtOffside သို့ပြောပြထားပြီး အင်္ဂလန်ကလပ်ဟာ ပြိုင်ဘက်များရဲ့ ကမ်းလှမ်းမှုများအပေါ် စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။
“ယူနိုက်တက်ရှိ မေဆင်ဂရင်းဝုဒ် ဇာတ်လမ်းက ဖေဖော်ဝါရီ၊ မတ်လကတည်းက ထပ်တလဲလဲ ထပ်ခါထပ်ခါ ဖြစ်နေပါတယ်”
“သူတို့က ဂရင်းဝုဒ်ကို ရောင်းချလိုနေပြီး ကျွန်တော်ရရှိထားတဲ့ သတင်းများအရ အပြီးသတ်ဝယ်ယူခွင့်ပြရှိတဲ့ အငှားချမှု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အလားအလာရှိတဲ့ အငှားအပြောင်းအရွေ့တစ်ခုဖြစ်နိုင်ပါတယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။
ဒါပေမယ့် ဂရင်းဝုဒ်မှာ ဖြစ်နိုင်ခြေတွေ အများကြီးရှိပြီး ယူနိုက်တက်က အကောင်းဆုံး ကမ်းလှမ်းချက်ကို ရွေးဖို့ အချိန်ယူပါလိမ့်မယ်။ ဂျူဗင်တပ်စ်က စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် ကစားသမားကို မခေါ်ယူမီ အနည်းဆုံး တိုက်စစ်ကစားသမားတစ်ဦးကို ရောင်းချရမှာ ဖြစ်ပါတယ်”လို့ သတင်းထောက်ကြီး ဖာဘရီဇီယိုရိုမာနိုက ပြောထားပါတယ်။