အဲဗာတန် ဈေးကိုင်နေလို့ ယူနိုက်တက်ကတော့ ဘိုင်ယန်မြူးနစ် ဗဟိုခံစစ်မှုး ကို ပြောင်းလဲ ချိန်ရွယ်လိုက်ပါပြီ

မန်ချက်စတာယူနိုက်တက်ဟာ အဲဗာတန်ဘက်က အင်္ဂလန် ဗဟိုနောက်ခံလူ ဂျာရတ်ဘရန့်ဝိက်အတွက် ပြောင်းရွှေ့ကြေး မြင့်မားနေမှုကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ နယ်သာလန်သား နောက်ခံလူ မားသီးယပ်စ် ဒီလစ် အား ပြောင်းလဲ ပစ်မှတ်ထားလာကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ယခုနွေရာသီတွင် ရာဖေးလ်ဗာရန်း ထွက်ခွာသွားမှု၊ မာတီနက်ဇ်နှင့် မက်ဂွိုင်းယားတို့ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရမှုတို့ကြောင့် ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။

၎င်းတို့ဟာ အင်္ဂလန်ဗဟိုနောက်ခံလူ ဂျာရတ်ဘရန့်ဝိက်အား ပစ်မှတ်ထားခဲ့ပေမဲ့လည်း ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းမှုအား အဲဗာတန်ရဲ့ ပယ်ချခြင်းခံထားရပါတယ်။ အဲဗာတန်ဟာ ဘရန့်ဝှိုက်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀-၈၀ အထိ ရရှိလိုနေပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်ဟာ ဘရန့်ဝိက်ကို ခေါ်ယူရေး ကြိုးပမ်းမှုမှ နောက်ဆုတ်ရန် ဆုံးဖြတ်ကာ မားသီးယပ်စ် ဒီလစ် ကို ခေါ်ယူဖို့ ပြောင်းလဲ ပစ်မှတ်ထားလာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ယခုနွေရာသီတွင် နည်းပြသစ်အဖြစ် ကွန်ပနီကို ခန့်အပ်ပြီးနောက် အသင်းကို အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်နေပြီး ဒီလစ်အား ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ (ပေါင် ၄၂.၆ သန်း) ရရှိပါက ရောင်းချရန် အသင့် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ယခုနွေရာသီမှာ စတုဂတ်မှ ဂျပန်ဘယ်နောက်ခံလူဟီကိုရီအား ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူအားဖြည့်ထားပြီး ဇာဗီးဆိုင်မွန်၊ ဂျာအိုပယ်ဟင်ဟာ၊ မိုက်ကယ်အိုလစ်တို့အား ခေါ်ယူရန် ကြိုးပမ်းနေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မားသီးယပ်စ် ဒီလစ် ကို ဂျူဗင်တပ်မှ ခေါ်ယူစဉ်တုန်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ အသုံးပြုခဲ့ရတာပါ။