ဘိုလော့ညာ တိုက်စစ်မှုး၊ UEFA ကြောင့် တိုဒီဘိုနဲ့ လွဲခြင်း၊ ကမ်းလှမ်းမှု ပို့ထားတဲ့ လာဇီယို၊ မလောတဲ့ ဖာနန်ဒက်စ် စာချုပ်နဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ
မန်ချက်စတာ ယူနိုက်တက်က အင်္ဂလန်သား ခံစစ်မှူး ဘရိတ်ဝိတ်ကို ခေါ်ယူနိုင်မယ် ယုံကြည်ချက် ရှိနေပေမယ့် အဲဗာတန်ဘက်က အလုပ်ဖြစ်လောက်တဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်မှာပါ။
မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို ဒီနွေမှာ လစာတိုးမြင့်ကာ စာချုပ်သစ် ချုပ်ဆိုဖို့ အလောတကြီး ဆုံးဖြတ်သွားမှာ မဟုတ်ဘူး လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုလော့ညာအသင်း တိုက်စစ်မှူး ဂျိုရှာ ဇီရစ်ဇီး ကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ကစားသမား ရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးဟာ ယူရို သန်း ၄၀ လို့ သိရပါတယ်။
အဂ်လန် အသင်းနောက်ခံလူ လုခ်ရှော တစ်ယောက် အသင်းဖော်တွေနဲ့ လေ့ကျင့်နေပေမယ့် ပါဝင် ကစားနိုင်ဖို့ မသေချာ သေးပါဘူး
လာဇီယို အသင်းဟာ မန်ယူအသင်းတောင်ပံ ကစားသမားလေး ဂရင်းဝုဒ်ကို ပေါင် သန်း ၃၀ နဲ့ စတင် ကမ်းလှမ်းလိုက်ကြောင်း သတင်း ထွက်လာပါတယ်။
UEFA ရဲ့ စည်းမျဉ်းတွေကြောင့် မန်ယူအသင်းဟာ နိုက်စ် နောက်ခံလူ တော်ဒီဘိုးကို ခေါ်ယူခွင့် ရရှိမှာ မဟုတ်ကြောင်း သတင်းရရှိပါတယ်။
ပဲလေစ့် ကြယ်ပွင့် အိုလစ်ကို ခေါ်ယူရေးမှာ ချယ်ဆီး၊ ယူနိုက်တက်တို့နဲ့အပြိုင် လီဗာပူးလည်း ပါဝင် ကြိုးစားဖွယ် ရှိနေပါတယ်။