ဘရန့်ဝိတ် အတွက် ဖိုဖာနာ၊ မက်ဂွဲရား တို့လို ကြေးမျိုး ရချင်နေတဲ့ အဲဗာတန် အား မန်ယူ အပြတ်ပြောထားပါပြီ
ပြီးခဲ့တဲ့သီတင်းပတ်က ယူနိုက်တက်ဟာ အသက် ၂၁ နှစ်အရွယ် အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ် အတွက် ပေါင် ၄၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ပါတယ်။
ကစားသမားဘက်ကတော့ ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေပြီး ဘရန့်ဝိတ်နဲ့ ယူနိုက်တက် ကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဗာတန်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းနဲ့ပထမဆုံးသော ရာသီအစတွင် ခြေစွမ်းပြသခဲ့တဲ့ ဘရန့်ဝိတ်အတွက် ပေါင်သန်း ၇၀ ထက်ပိုတဲ့ဈေးဖြင့် ကိုင်ထားတာဖြစ်ပါတယ်။
The Mirror သတင်း အဆိုအရ အရ ယူနိုက်တက်ဟာ ဘရန့်ဝိတ်အတွက် ကနဦးကမ်းလှမ်းမှုဖြင့် လိုက်လျောညီထွေဖြစ်နေပြီး တန်ကြေးသတ်မှတ်ဖြတ်မှုအပေါ် ပိုမို လက်တွေ့ကျတဲ့ ရပ်တည်ချက်တစ်ခု ချမှတ်ရန် အဲဗာတန်အသင်းအား အသိပေး ပြောကြားထားတယ် လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီတွင် ကန့်သတ်ထားတဲ့ အပြောင်းအရွှေ့အသုံးစရိတ်ကြောင့် ပေါင် ၃၅ သန်း သာ သုံးရမှာ ဖြစ်ပေမယ့် ဆန်ချို၊ ဂရင်းဝုဒ်နှင့် ကက်စ်မဲရိုးတို့ကို ရောင်းချခြင်းကနေ ငွေကြေးရရှိနိုင်ပါတယ်။
၂၀၂၂ ခုနှစ် သြဂုတ်လတွင် ဖိုဖာနာအတွက် ချဲလ်ဆီး အသင်းမှ ပေါင်သန်း ၈၀ ပေးချေခဲ့ရသလိုမျိုး၊ ၂၀၁၉ ခုနှစ်တွင် မက်ဂွါရီအတွက် ပေါင် သန်း ၈၀ ပေးချေခဲ့ရသလိုမျိုး ဘရန့်ဝိတ်အတွက် လိုချင်နေတဲ့ အဲဗာတန်ကြောင့် ယူနိုက်တက်က ဆက်လက် မညှိနှိုင်းလိုဘူး ဖြစ်လာပါတယ်။
ယူနိုက်တက်ဟာ ဆန်ကာတင်စာရင်းတွင် အခြားပစ်မှတ်များလည်း ရှိနေပြီး ပဲလေ့စ်က မာ့ခ်ဂူဟီ၊ နိုက်စ်နောက်ခံလူ တိုဒီဘို၊ ရီးရဲလ်မက်ဒရစ်နှင့် လီဗာပူးတို့က အလိုရှိနေတဲ့ လိုင်လီက လန်နီယိုရိုတို့ ပါဝင်နေပါတယ်။
အဲရစ်တန်ဟက်ရဲ့ အသင်းဟာ အေစီမီလန်ကို ပြောင်းရွှေ့ဖို့ရပ်တန့်နေတဲ့ ဘိုလော့ဂ်နာ တိုက်စစ်မှူး ဇီကာဇီကို ချဉ်းကပ်မှုလည်း ပြုလုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းတွင်ပင် အဲဗာတန်ဟာ ပရီးမီးယားလိဂ်ရဲ့အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှု စည်းမျဉ်းများနှင့်အညီ ကစားသမားများကို ရောင်းချရန် လိုအပ်ကြောင်း ဝန်ခံထားပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက အဲဗာတန်ဟာ သီးခြားဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု နှစ်ခုကြောင့် ပရီးမီးယားလိဂ်တွင် စုစုပေါင်း ရှစ်မှတ် အထိ လျော့ချခံခဲ့ရတာဖြစ်ပါတယ်။