မန်ယူအသင်း တိုက်စစ်မှုး ချိန်ရွယ်တာ မှားနေတယ် ဆိုပြီး ခေါ်သင့်တဲ့ တိုက်စစ်မှုးကို ထောက်ပြလိုက်သူ
မန်ချက်စတာ ယူနိုက်တက် ဟာ ဘိုလော့ညာ တိုက်စစ်မှုး ဇီရစ်ဇီးကို ခေါ်ယူရန် ကြိုးစားနေတဲ့ အပေါ် ဒွိုက်ယော့ က အံ့သြနေပြီး အသင်းမှာ ငယ်ရွယ်တဲ့ တိုက်စစ်မှုး ဟွိုင်လန်း ရှိနေပြီးသား လို့ ထောက်ပြ သတိပေးလိုက်ပါတယ်။
ဒါ့အပြင် ဒွိုက်ယော့ကတော့ ဂျာမနီနဲ့အတူ ယူရိုမှာ ခြေစွမ်းပြနေတဲ့ ဒေါ့မွန် တိုက်စစ်မှုး ဖူးခရူ့ခ်ျကို ယူနိုက်တက် ခေါ်ယူစေချင်နေပါတယ်။

ဒွိုက်ယော့က “မန်ယူနိုက်တက်တို့ ဇီရစ်ဇီးကို ခေါ်ယူရန် ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတာ နားမလည်နိုင်စရာပါပဲ။ သူတို့ဟာ ဂိုးတွေ သေချာပေါက် သွင်းယူနိုင်ပြီး ပရီးမီးယားလိဂ်မှာ ဘယ်လို ကစားရမလဲဆိုတာ သိတဲ့ တိုက်စစ်မှုး လိုအပ်ပါတယ်။
ကလပ်မှာ အသက် ၂၁ နှစ်အရွယ် ဟွိုင်လန်း ရှိနေပြီး ဖြစ်တာကြောင့် သူတို့ ဘာ့ကြောင့် အသက် ၂၃ နှစ်အရွယ် ဇီရစ်ဇီးကို ခေါ်ယူ ကြိုးပမ်းနေတာလဲ?
အဲရစ်တန်ဟတ် အနေနဲ့ ဟွိုင်လန်းနဲ့အတူ အတွေ့အကြုံရှိ တိုက်စစ်မှုးတစ်ဦး လိုအပ်ပါတယ်။ သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ဟွိုင်လန်းဟာ ရုန်းကန်ခဲ့ရပါတယ်။ ဖူးခရူ့ခ်ျဟာ နောက်ပိုင်းမှာ ဂိုးတွေ သွင်းယူနေတဲ့ အတွေ့အကြုံရှိ တိုက်စစ်မှုးတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ မှန်ကန်တဲ့ character ရှိဖို့ လိုအပ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာ ကစားနိုင်ဖို့ဆိုတာ ဒူပေနာပေခံနိုင်မှု ၊ ပြင်းထန်တဲ့ စိတ်ဓာတ် လိုအပ်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဟာ ဒီလို ကစားသမားတွေ ရှာဖွေရာမှာ ကျွမ်းကျင်ပါတယ်။
ဒါ့ကြောင့်လည်း ဟွိုင်လန်း အနေနဲ့ အမြန်ဆုံး တိုးတက်ဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ Honeymoon ကာလက ပြီးဆုံးသွားပါပြီ။ လာမည့်ရာသီ သူ ခြေစွမ်းမပြနိုင်ဘူးဆိုရင် သူ့အနေနဲ့ ဝေဖန်မှုတွေ ခံရတော့မှာပါ။ ” လို့ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။