နည်းပြ တန်ဟက်နဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ သက်တမ်းတိုး စာချုပ်သစ် ဆွေးနွေးမှု အခြေအနေ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ အဲရစ် တန်ဟက် ကို လာမယ့် ဘောလုံးရာသီသစ်မှာ ဆက် လက်တွဲသွြးဖို့ သွားဖို့ ဆုံးဖြတ်ထားတဲ့အပြင် သက်တမ်းတိုး စာချုပ်သစ်အတွက်ပါ ညှိနှိုင်းနေပြီး မကြာခင်မှာပဲ အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။

နယ်သာလန်သား နည်းပြ တန်ဟက်ဟာ ၂၀၂၂ခုနှစ်ကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပြီး သူရဲ့ ယူနိုက်တက် နည်းပြဘဝ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် လိဂ်ဖလားနဲ့ ချနန်ပီယံလိဂ်ဝင်ခွင့် ရယူပေးခဲ့ပြီး ဒုတိယရာသီမှာလည်း အက်ဖ်အေဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ဒါပေမယ့် တန်ဟက်ရဲ့ ဒုတိယရာသီဖြစ်တဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်က အက်ဖ်အေဖလား ဆွတ်ခူးနိုင်တာကလွဲပြီး ပရီးမီးယားလိဂ်မှာ အဆင့်(၈)နေရာသာ ရရှိခဲ့သလို ချန်ပီယံလိဂ်မှာလည်း အုပ်စုအဆင့်နဲ့ပဲ လှည့်ပြန်ခဲ့ရပါတယ်။

ဒီလို အခြေအနေဆိုးတွေကြောင့် ပြီးခဲ့တဲ့ရာသီမှ အသင်းနဲ့ ပူးပေါင်းဖြစ်ခဲ့တဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS တို့က တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖို့အထိပါ စဉ်းစားလာခဲ့ပါတယ်။

ဒါကြောင့်လည်း တန်ဟက် အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချခင်မှာပဲ INEOS တို့ဘက်က ပိုချက်တီနို တူဟယ်လ် အစရှိတဲ့ နည်းပြတွေနဲ့ ဆွေးနွေးခဲ့ပေမယ့်လည်း နောက်ဆုံးတော့ အသင်းကို (၂)ရာသီအတွင်း လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ရယူပေးခဲ့တဲ့ တန်ဟက် ကိုပဲ အသင်းမှာ ဆက်လက် ထားရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တန်ဟက် ဟာ ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာမို့ လာမယ့် ဘောလုံးရာသီ ပြီးဆုံးတာနဲ့ စာချုပ်သက်တမ်းလည်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် INEOS တို့ဘက်က တန်ဟက် ကို ယူနိုက်တက်နည်းပြအဖြစ် လာမယ့်နှစ်အနည်းငယ်လောက်အထိ တာဝန်ပေးသွားချင်တာကြောင့် စာချုပ်သစ်တစ်ရပ်ပါ ကမ်းလှမ်းထားပါသေးတယ်။

တန်ဟက်ကလည်း ယူနိုက်တက်နဲ့ ဆက်လက် လက်တွဲသွားဖို့အတွက် ဆန္ဒရှိနေတဲ့အပြင် စာချုပ်သစ် လက်မှတ် ရေးထိုးဖို့ အလွန် နီးစပ်နေပြီ ဖြစ်ပါတယ်။