ယူနိုက်တက် လမ်းဖွင့်ထားတာကြောင့် ရက်ဖို့ဒ်ကို ခေါ်ယူရေး ပြန် စိတ်ပါလာတဲ့ ပီအက်စ်ဂျီ
မန်ချက်စတာ ယူနိုက်တက် က ဒီနွေမှာ ရက်ရှ်ဖို့ဒ် ရောင်းချဖို့ လမ်းဖွင့်ထားတာကြောင့် ပီအက်စ်ဂျီဟာ အင်္ဂလန်သား ကို ပြန်လည် စိတ်ဝင်စားလာပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းက ကျဆင်းခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေထွက်ခွာသွားပြီးနောက် အက်စ်ဂျီကတော့ တောင်ပံကစားသမားဖြစ်တဲ့ သူ့ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

talkSPORT ရဲ့အဆို အရ နာပိုလီစတား အိုဆီမန်ကို ခေါ်ယူဖို့ မျှော်လင့်ချက်မဲ့ခဲ့တဲ့ ပီအက်စ်ဂျီဟာ ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားလာနိုင်တယ် လို့ ဆိုပါတယ်။ နည်းပြ အင်းနရစ်ကတော့ ဂွန်ကာလိုရားမို့စ်နှင့် ကိုလိုမူယာနီတို့ကို ယုံကြည်နေတာကြောင့် တိုက်စစ်မှူးတက် တောင်ပံကစားသမားကိုသာ လိုချင်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အတွက် ကစားသမားသစ်ခေါ်ယူရေးမှာ ရံပုံငွေများပြားလာရေးအတွက် ပူးတွဲပိုင်ရှင်သစ်ဖြစ်တဲ့ ရက်ကလစ်တို့အဖွဲ့ဟာ အသက် ၂၆ နှစ်အရွယ် ကစားသမားကို ရောင်းချဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ကို အတင်း ရောင်းလိုနေတာ မဟုတ်သော်လည်း ငွေကြေး ကြီးကြီးမားမားနှင့် ကမ်းလှမ်း လာပါက စဉ်းစားသွားမှာဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ လက်ရှိယူရိုကစားနေတဲ့ ဆောက်ဂိတ်ရဲ့လက်ရွေးစင်အသင်းနဲ့လည်း လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ရာသီကြိုမတိုင်မီမှာတော့ သူ့ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ဖို့ မျှော်လင့်ထားမှာ ဖြစ်ပါတယ်။