မဟာပြိုင်ဘက်ကြီး စီ ရော်နယ်ဒို ကို လွမ်းနေပုံရတဲ့ လီယွန်နယ် မက်ဆီရဲ့ တမ်းချင်း

ဘောလုံးလောကမှာတော့ မက်ဆီနဲ့ ရော်နယ်ဒို တို့ရဲ့ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေဟာ အကြီးအကျယ်ဆုံး အရာ တစ်ခု လို့ ဆိုနိုင်ပါတယ်။ သူတို့ (၂)ဦး လာလီဂါမှာ ရှိနေတဲ့ အချိန်အတွင်း အချင်းချင်း ပြိုင်ဆိုင်မှု အတော် ပြင်းထန်ခဲ့ ကြတာဖြစ်ပါတယ်။

သူတို့(၂)ဦးဟာ ကမ္ဘာရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး (၁၀)စုနှစ်တခုနီးပါးအကြာ မယုံနိုင်စရာကောင်းတဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့တာပါ။ မက်ဆီ ကတော့ ရော်နယ်ဒိုနဲ့ ပြိုင်ဆိုင်မှုအပေါ် ပြန်လည်သုံးသပ်ခဲ့ပြီး သူတို့ ကို နှစ်သက်တဲ့ သူတိုင်း အတွက် အလွန်လှပတဲ့ စင်မြင့်တခု အဖြစ် ညွန်းခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ တိုက်ရိုက်ထိတွေ့ပြီး ယှဉ်ပြိုင်တာကို လွမ်းဆွတ်နေလားလို့ မာကာ က မေးမြန်းခဲ့ရာမှာ မက်ဆီ က “တူညီတဲ့ လိဂ်မှာ ကျွန်တော်တို့ မယှဉ်ပြိုင်ရတာ ကြာနေပါပြီ”လို့ ဖြေဆိုခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီ က “ကျွန်တော်တို့ ဟာ တဦးချင်းအတွက်ရော အသင်းအတွက်ရော တူညီတဲ့ ပန်းတိုင်တခုအတွက် ယှဉ်ပြိုင်ခဲ့ပါတယ်”

“ဒါဟာ ကျွန်တော်တို့ အတွက်နဲ့ပြည်သူတွေအတွက် အလွန်လှပတဲ့ စင်မြင့်တခုဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ က ဒါကို အလွန်ကြိုက်ကြလို့ပါပဲ။ဒါဟာ ဘောလုံးသမိုင်းမှာ ကျန်ရှိမယ့် လှပတဲ့ အမှတ်တရတခုပါပဲ”လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒို တို့ ဟာ ဘောလုံးသမိုင်းမှာ အောင်မြင်မှုဆုတံဆိပ်တွေ အများကြီး ရယူထားနိုင်တဲ့ သူတွေလည်း ဖြစ်ပါတယ်။သူတို့ (၂)ဦးဟာ စပိန်မှာ (၉)နှစ်ကြာ ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ကြပြီး ဘောလွန်းဒီအောဆု(၉)ကြိမ်ကို ခွဲဝေယူခဲ့ကြပါတယ်။

မက်ဆီက ဘောလွန်းဒီအောဆုကို (၅)ကြိမ်ရယူနိုင်ခဲ့ပြီး ရော်နယ်ဒို က (၄)ကြိမ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ရော်နယ်ဒို က ချန်ပီယံလိဂ်ဖလား(၄)ကြိမ်ကို ရယူနိုင်ခဲ့ကာ မက်ဆီ ကတော့ ချန်ပီယံလိဂ်(၂)ကြိမ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ သူတို့ (၂)ဦးလုံးဟာ စပိန်မှာ မရှိတော့ပေမယ့် ပြိုင်ဆိုင်မှုတွေတော့ ပြင်းထန်နေဆဲပါ။ မက်ဆီ ဟာ ဒီရာသီမှာ ဘာစီလိုနာ ကနေ ထွက်ခွာကာ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ရော်နယ်ဒို ကတော့ ဂျုဗင်တပ်စ် ကနေ ထွက်ခွာကာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ZG

ေဘာလံုးေလာကမွာေတာ့ မက္ဆီနဲ႔ ေရာ္နယ္ဒို တို႔ရဲ႕ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြဟာ အႀကီးအက်ယ္ဆုံး အရာ တစ္ခု လို႔ ဆိုႏိုင္ပါတယ္။ သူတို႔ (၂)ဦး လာလီဂါမွာ ရွိေနတဲ့ အခ်ိန္အတြင္း အခ်င္းခ်င္း ျပိဳင္ဆိုင္မႈ အေတာ္ ျပင္းထန္ခဲ့ ၾကတာျဖစ္ပါတယ္။

သူတို႔(၂)ဦးဟာ ကမာၻရဲ႕အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ၿပီး (၁၀)စုႏွစ္တခုနီးပါးအၾကာ မယုံႏိုင္စရာေကာင္းတဲ့ ၿပိဳင္ဆိုင္မႈေတြ ရွိခဲ့တာပါ။ မက္ဆီ ကေတာ့ ေရာ္နယ္ဒိုနဲ႔ ၿပိဳင္ဆိုင္မႈအေပၚ ျပန္လည္သုံးသပ္ခဲ့ၿပီး သူတို႔ ကို ႏွစ္သက္တဲ့ သူတိုင္း အတြက္ အလြန္လွပတဲ့ စင္ျမင့္တခု အျဖစ္ ညြန္းခဲ့ပါတယ္။

ေရာ္နယ္ဒိုနဲ႔ တိုက္႐ိုက္ထိေတြ႕ၿပီး ယွဥ္ၿပိဳင္တာကို လြမ္းဆြတ္ေနလားလို႔ မာကာ က ေမးျမန္းခဲ့ရာမွာ မက္ဆီ က “တူညီတဲ့ လိဂ္မွာ ကြၽန္ေတာ္တို႔ မယွဥ္ၿပိဳင္ရတာ ၾကာေနပါၿပီ”လို႔ ေျဖဆိုခဲ့ပါတယ္။

ဒါ့အျပင္ မက္ဆီ က “ကြၽန္ေတာ္တို႔ ဟာ တဦးခ်င္းအတြက္ေရာ အသင္းအတြက္ေရာ တူညီတဲ့ ပန္းတိုင္တခုအတြက္ ယွဥ္ၿပိဳင္ခဲ့ပါတယ္”

“ဒါဟာ ကြၽန္ေတာ္တို႔ အတြက္နဲ႔ျပည္သူေတြအတြက္ အလြန္လွပတဲ့ စင္ျမင့္တခုျဖစ္ခဲ့ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ သူတို႔ က ဒါကို အလြန္ႀကိဳက္ၾကလို႔ပါပဲ။ဒါဟာ ေဘာလုံးသမိုင္းမွာ က်န္ရွိမယ့္ လွပတဲ့ အမွတ္တရတခုပါပဲ”လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္ဒို တို႔ ဟာ ေဘာလုံးသမိုင္းမွာ ေအာင္ျမင္မႈဆုတံဆိပ္ေတြ အမ်ားႀကီး ရယူထားႏိုင္တဲ့ သူေတြလည္း ျဖစ္ပါတယ္။သူတို႔ (၂)ဦးဟာ စပိန္မွာ (၉)ႏွစ္ၾကာ ၿပိဳင္ဆိုင္မႈေတြျပင္းထန္ခဲ့ၾကၿပီး ေဘာလြန္းဒီေအာဆု(၉)ႀကိမ္ကို ခြဲေဝယူခဲ့ၾကပါတယ္။

မက္ဆီက ေဘာလြန္းဒီေအာဆုကို (၅)ႀကိမ္ရယူႏိုင္ခဲ့ၿပီး ေရာ္နယ္ဒို က (၄)ႀကိမ္ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ေရာ္နယ္ဒို က ခ်န္ပီယံလိဂ္ဖလား(၄)ႀကိမ္ကို ရယူႏိုင္ခဲ့ကာ မက္ဆီ ကေတာ့ ခ်န္ပီယံလိဂ္(၂)ႀကိမ္ကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာ သူတို႔ (၂)ဦးလုံးဟာ စပိန္မွာ မရွိေတာ့ေပမယ့္ ၿပိဳင္ဆိုင္မႈေတြေတာ့ ျပင္းထန္ေနဆဲပါ။ မက္ဆီ ဟာ ဒီရာသီမွာ ဘာစီလိုနာ ကေန ထြက္ခြာကာ ပီအက္စ္ဂ်ီ အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ေရာ္နယ္ဒို ကေတာ့ ဂ်ဳဗင္တပ္စ္ ကေန ထြက္ခြာကာ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္ အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။