ဒီလစ် အတွက် ဘိုင်ယန်က ဘယ်လောက် လိုချင်ပြီး မန်ယူက ဘယ်လောက်ပဲ ကမ်းလှမ်းချင်နေတာလဲ
ယူနိုက်တက်ဟာ ဝါရင့် နောက်ခံလူ ဗာရန်း အလွတ်နဲ့ ထွက်ခွာသွားပြီးနောက် ယခုနွေရာသီမှာ ဗဟိုနောက်ခံလူသစ်တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေတာ အခုထို အဆင်မပြေသေးပါဘူး။
ဘရန့်ဝိတ်အတွက် ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းမှုကို ယခုလမှာ အဲဗာတန်က ပယ်ချခဲ့ပြီးဖြစ်ပါတယ်။ အင်္ဂလန်သား အတွက် အဲဗာတန်က ပေါင် သန်း ၇ဝ ကျော်ထိ အလိုရှိနေတာကြောင့် ယူနိုက်တက်က အခြား ပစ်မှတ်များ ရှာဖွေနေရာ ဒီလစ်ကိုလည်း ပစ်မှတ် စာရင်းမှာ ထည့်ထားပါတယ်။

ဂျာမန် သတင်းတွေ အဆိုအရ ဘိုင်ယန်ဟာ ဒီလစ် ကို ယခုနွေရာသီတွင် ယူရို သန်း ၇၀ (ပေါင် ၅၉.၃ သန်း) ဖြင့် ရောင်းချလိုနေပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကတော့ အသက် ၂၄ နှစ်အရွယ် ကစားသမားအတွက် ယူရို ၃၅ သန်း (ပေါင် ၂၉.၆ သန်း) လောက်သာ ပေးချေဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်ဟာ ယူနိုက်တက်ထံမှ ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ (ပေါင် ၄၂ သန်း) လောက်ဖြင့် ကမ်းလှမ်းမယ်ဆိုရင် လက်ခံသွားဖို့ရှိနေပါတယ်လို့ လည်း Sky Germany က ဖော်ပြထားပါတယ်။
အဲရစ်တန်ဟက်ဟာ အေဂျက်စ်တွင် တစ်ရာသီကြာ လက်တွဲခဲ့တဲ့ နောက်ခံလူဒီလစ် ကို သဘောကျနေကြောင်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဂျူဗင်တပ်မှ ဒီလစ်ချ်ကို ခေါ်ယူရန်အတွက် ယူရို ၇၇ သန်း (ပေါင် ၆၅.၆ သန်း) အသုံးပြုခဲ့သော်လည်း ဂျာမနီတွင် နေထိုင်စဉ်အတွင်း ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါမှာ ၁၆ ပွဲသာ ကစားခဲ့ပါတယ်။