ဒီနွေ အဓိက ပစ်မှတ် ကစားသမားတွေကိုသာ ရမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဖြစ်လာဖွယ် လူစာရင်း

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီသီတင်းပတ်တွေ အတွင်း ဈေးကွက်ထဲ အမှန်အကန် လှုပ်ရှားနေပြီး ကမ်းလှမ်းမှု၊ ဆွေးနွေးမှုတွေကိုလည်း ဆက်တိုက် လုပ်ဆောင်နေပါတယ်။

ဒီတလော ယူနိုက်တက် အရှိန်မြှင့် ကြိုးစားနေတာကတော့ ခံစစ်မှူး ဒီလစ်၊ ကွင်းလယ်လူ အူဂါတီနဲ့ တိုက်စစ်သမား ဇီရစ်ဇီးတို့ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီ နွေပစ်မှတ် ကစားသမားတွေ ရောက်လာခဲ့ရင် ဖြစ်လာဖွယ် လူစာရင်းကတော့ ဖော်ပြပေးလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ နွေအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမာား ရှာဖွေ ချိတ်ဆက်မှုတွေ တောက်လျှောက် ပြုလုပ်နေပြီး INEOS အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ လှုပ်ရှားနေပါတယ်။

ခံစစ်မှူး ဒီလစ်၊ ကွင်းလယ်လူ အူဂါတီနဲ့ တိုက်စစ်သမား ဇီရစ်ဇီးတို့ ၃ ဦးအတွက် သက်ဆိုင်ရာ ကလပ်တွေနဲ့ စကားပြောမှု စတင် နေပါတယ်။ သူတို့တွေကိုတော့ ဗာရန်၊ ကာဆီမီရိုနဲ့ မာရှယ်တို့ရဲ့ နေရာတွေမှာ အစားထိုးမှာပါ။

ဒီလစ်ကြောင့် တောင့်တင်းလာမယ့် ခံစစ်၊ ကွင်းလယ်က စကေးကောင်းတဲ့ အူဂါတီတို့ဟာ ယူနိုက်တက်တို့ အလိုအပ်ဆုံး နေရာတွေဖြစ်ပြီး ဇီရစ်ဇီး ကြောင့် ဟွိုင်လန်းအပေါ် ကျရောက်နေတဲ့ ဖိအားတွေ လျော့နည်းသွားနိုင်ပါတယ်။

ဒီခေါ်ယူမှု ၃ ခုအတွက် ယူနိုက်တက်ဟာ ပေါင် သန်း ၂၀၀ မကျော်ဘဲ ညိနှိုင်းသွားဖွယ်ရှိနေသလို ဂရင်းဝုဒ်၊ ဆန်ချိုနဲ့ ကာဆီမီရို တို့ကို ပြန်လည် ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပါပြီ။

ယူနိုက်တက် တာဝန်ရှိသူတွေ အနေနဲ့ ပစ်မှတ်တွေထဲက ဘယ်နှယောက်ထိ ခေါ်ယူနိုင်မလဲ ဆိုတာကတော့ စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။