အရေးကြီး ပုဂ္ဂိုလ် ခေါ်ယူမှု အောင်မြင် ရရှိသွားပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ အနာဂတ်ပလန်တွေ အကောင်အထည်ဖော်ဖို့ အတွက် သော့ချက် ဖြစ်လာမယ့် အရေးကြီး ပုဂ္ဂိုလ် ခေါ်ယူမှု အောင်မြင် ရရှိသွားပြီ ဖြစ်ပါတယ်။
ယူနိုက်တက် အတွက် အချိန်ယူ ညှိနှိုင်း ကြိုးစားနေခဲ့ရတဲ့ အားကစား ဒါရိုက်တာသစ် ဒန် အက်စ်ဝပ် ခေါ်ယူမှု အပြီးသတ် အောင်မြင်သွားတာပါ။ ဒန် အက်စ်ဝပ်ဟာ ..

ဒန် အက်စ်ဝပ်ဟာ နယူးကာဆယ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းလာပြီး အားကစား ဒါရိုက်တာ အဖြစ် စတင် တာဝန်ယူတော့မှာပါ။
၎င်းကို ခေါ်ယူရေး ကလပ် နှစ်သင်းကြား သဘောတူညီမှု ရဖို့က အချိန် အတော် ယူခဲ့ရသေးပြီး ဆာဂျင် ရက်ကလစ်ဖ် က ယူနိုက်တက် အသင်း ရှယ်ယာတွေ ဝယ်ယူပြီးတည်းက အခုလို ပြောင်းလဲမှုတွေ စတင်ချင်ခဲ့တာပါ။
ရက်ကလစ်ဖ်ရဲ့ အစီအစဉ်တွေထဲမှာ အက်စ်ဝပ် က အဓိက နေရာက ပါဝင်ပါတယ်။ အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ယူနိုက်တက် ဒါရိုက်တာသစ် ဟာ အသင်းပြောင်းလာဖို့ လျော်ကြေး ကိစ္စ ညှိနှိုင်းမှုတွေကြောင့် ကြံ့ကြာခဲ့ရပါတယ်။
နှစ်သင်းကြား လျော်ကြေးပမာဏ သဘောတူညီမှု ရသွားတာနဲ့ အက်စ်ဝပ် ကို အလုပ် လုပ်ဖို့ ယူနိုက်တက်က ချက်ချင်း ခေါ်ယူလိုက်ပါတယ်။
အက်စ်ဝပ် ဟာ ယူနိုက်တက်မှာ အသင်းရဲ့ ဘောလုံး စွမ်းဆောင်ရည်၊ ကစားသမား ခေါ်ယူမှုနဲ့ အော်ပရေးရှင်း ပိုင်း (၃) ပိုင်း လုံးကို တာဝန် ယူသွားမှာပါ။ အက်စ်ဝပ် နဲ့ အတူ နည်းစနစ် ဒါရိုက်တာ ဝဲယ်ကော့စ် က လက်တွဲ အလုပ် လုပ်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်မှာ ခေတ္တသာ တာဝန်ယူသွားတဲ့ ဂျွန် မတ်တော့ နေရာကို အက်စ်ဝပ် က အစားဝင်လာမှာ ဖြစ်ပါတယ်။ အက်စ်ဝပ် ဟာ ဘရိုက်တန်မှာ အလုပ်လုပ်ဖူးသလို ၂၀၂၂ ဖေဖော်ဝါရီက စလို့ နယူးကာဆယ်မှာ အလုပ် လုပ်နေတာ ဖြစ်ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်နဲ့ အဖွဲ့ကတော့ အသင်းရဲ့ အလုံးစုံ ပြုပြင်ပြောင်းလဲရေးကို အကောင် အထည် ဖော်မယ့် သူ လို့ အက်စ်ဝပ် ကို မျှော်လင့်ထားပါတယ်။