လက်ရှိ နွေမှာ ပြောင်းရွှေ့ချင်တဲ့ အသင်းသစ်ကို ရွေးချယ် မီးစိမ်းပြလိုက်ပြီ ဖြစ်တဲ့ ဂျေဒန် ဆန်ချို
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား ဂျေဒန် ဆန်ချို ကတော့ အခုနွေရာသီမှာ သူ ပြောင်းရွှေ့ချင်တဲ့ အသင်း ရွေးချယ်လိုက်ပြီ လို့ သတင်းထွက်လာပါတယ်။
အီတလီဘက်က သတင်းတွေ အဆိုအရ ဆန်ချို ဟာ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ဖို့ မီးစိမ်းပြလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် စီးရီးအေကလပ်ဘက်က အငှားနဲ့သာ ခေါ်ယူချင်နေပြီး ယူနိုက်တက်ဘက်ကတော့ ယူရိုသန်း ၅၀ လောက်အလိုရှိနေပါတယ်။

အီတလီ သတင်းတွေ ကတော့ အင်္ဂလန်သားဟာ ဂျူဗင်တပ် ထံကိုပြောင်းဖို့ လမ်းဖွင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့တုန်းကလည်း ဆန်ချိုတစ်ယောက် ဂျူဗင်တပ် အသင်းထံ အငှားနဲ့ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပေမယ့် အယ်လီဂရီက ပယ်ချခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်မှာ ၆ လကြာ အငှားထွက်ကစားခဲ့ပြီးနောက် ဆန်ချိုတစ်ယောက် ဂျူဗင်တပ် အသင်းထံ ပြောင်းချင်တဲ့ သဘောထား ကိစ္စက မပြောင်းလဲသေးတာဖြစ်ပါတယ်။
ဆန်ချိုဟာ လာမယ့်ရာသီယူနိုက်တက်အသင်းရဲ့အစီအစဉ်ထဲမှာ မပါဝင်ပဲ ယူနိုက်တက်ဘက်က သူ့အတွက် ယူရိုသန်း ၄၀ ကနေ ၅၀ ကြားအလိုရှိနေပါတယ်။
အခြားတစ်ဖက်မှာလည်း ဂျူဗင်တပ် ဘက်က အငှားနဲ့သာ ခေါ်ယူချင်နေပြီး ယူနိုက်တက်အနေနဲ့ ဆန်ချိုရဲ့လုပ်ခလစာအစိတ်အပိုင်းတစ်ဝက်ကိုပေးချေရဖို့ များနေပါတယ်။
ဆန်ချိုကို အခြာားအသင်းတွေဖြစ်တဲ့ ဒေါ့မွန်၊ မန်စီးတီးနဲ့ အာဆင်နယ်တို့က စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်တောင်းဆိုတဲ့တန်ကြေးတော့ ပေးချေလိုခြင်းမရှိကြတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဆန်ချိုကို ဂျူဗင်တပ် အနေနဲ့ ချီယေဆာကို အလိုက်ပေးပြီး အလဲအထပ်လုပ်ဖို့ စီစဉ်လာနိုင်ပါတယ်။
ဂျူဗင်တပ် ကတော့ ချီယေဆာနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရသေးပဲ ကစားသမားရဲ့အေးဂျင့် ဖာလီနဲ့ဆွေးနွေးဖွယ်ရှိနေပါတယ်။ ဂျူဗီဟာ အခြားပစ်မှတ်တွေဖြစ်တဲ့ မေဆင်ဂရင်းဝုဒ် ၊ အဒီယီမီ ၊ ဇာဗီဆိုင်မွန်တို့ကိုလည်း စောင့်ကြည့်နေပေမယ့် နည်းပြ မော့တာရဲ့ဦးစားပစ်မှတ်မဟုတ်ဘူးလို့ သိရပါတယ်။