လာကာဇက်တီကို အလွတ်နဲ့ လွှတ်ရတော့မှာတောင် အထက်စီးကနေ မူနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး လာကာဇက်တီ နဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်လို့ ရာသီကုန်ရင် အလွတ်နဲ့ ဆုံးရှုံးရနိုင်တာတောင် သူ့ကို ရာသီကုန်မှသာ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။

တစ်ပတ်လုပ်ခ ပေါင် ၂သိန်း ရရှိနေတဲ့ အသက် ၃၀ အရွယ်ရှိ လာကာဇက်တီဟာ ရာသီအကုန်မှာ စာချုပ် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဇန်နဝါရီလမှာ ပြည်ပ ကလပ်တွေနဲ့ လွတ်လပ်စွာဆွေးနွေးခွင့် ရရှိထားပါတယ်။

နည်းပြ အာတီတာက လာကာဇက်တီကို သက်တမ်းတိုးပေမယ့် လက်ရှိအချိန်မှာတော့ ဆွေးနွေးမှုတွေကို ရပ်တန့် ထားပြီး ၂၀၁၇ နွေရာသီက ပေါင် ၅၂ သန်းနဲ့ ရောက်လာခဲ့တဲ့ ပြင်သစ်သားကို ခေါ်ယူလိုတဲ့ကလပ်တွေ အများအပြား ရှိနေပါတယ်။

လာကာဇက်တီဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်မှာ ပွဲထွက်စာရင်းမှာ ပြန်ပါလာပေမယ့် အသင်းဘက်ကတော့ လက်ရှိ လုပ်ခလစာအတိုင်း ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေပါတယ်။

အာဆင်နယ်က လာကာဇက်တီကို ၁၂ လ သက်တမ်း တိုးဖို့ ဖြစ်နိုင်ခြေများနေပေမယ့် ကစားသမားဖြစ်သူကတော့ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းဘက်က သွေးအေးနေမှုအပေါ် စိတ်ပျက်နေပါတယ်။

လာကာဇက်တီကို ခေါ်ယူဖို့ အက်သလက်၊ အေစီမီလန်နဲ့ နယူးကာဆယ်တို့က အပြိုင်စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ပေးစရာမလိုလို့ ကစားသမားကလည်း မြင့်မားတဲ့ လက်မှတ်ထိုးကြေး ရနိုင်ပါတယ်။

ZG

အာဆင္နယ္အသင္းဟာ တိုက္စစ္မႉး လာကာဇက္တီ နဲ႕ စာခ်ဳပ္ကုန္ဆံုးေတာ့မွာ ျဖစ္လို႔ ရာသီကုန္ရင္ အလြတ္နဲ႔ ဆုံးရႈံးရႏိုင္တာေတာင္ သူ႔ကို ရာသီကုန္မွသာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမယ္လို႔ သိရပါတယ္။

တစ္ပတ္လုပ္ခ ေပါင္ ၂သိန္း ရရွိေနတဲ့ အသက္ ၃၀ အ႐ြယ္ရွိ လာကာဇက္တီဟာ ရာသီအကုန္မွာ စာခ်ဳပ္ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဇန္နဝါရီလမွာ ျပည္ပ ကလပ္ေတြနဲ႔ လြတ္လပ္စြာေဆြးေႏြးခြင့္ ရရွိထားပါတယ္။

နည္းျပ အာတီတာက လာကာဇက္တီကို သက္တမ္းတိုးေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ေဆြးေႏြးမႈေတြကို ရပ္တန္႔ ထားၿပီး ၂၀၁၇ ေႏြရာသီက ေပါင္ ၅၂ သန္းနဲ႔ ေရာက္လာခဲ့တဲ့ ျပင္သစ္သားကို ေခၚယူလိုတဲ့ကလပ္ေတြ အမ်ားအျပား ရွိေနပါတယ္။

လာကာဇက္တီဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္မွာ ပြဲထြက္စာရင္းမွာ ျပန္ပါလာေပမယ့္ အသင္းဘက္ကေတာ့ လက္ရွိ လုပ္ခလစာအတိုင္း ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အဆင္မေျပ ျဖစ္ေနပါတယ္။

အာဆင္နယ္က လာကာဇက္တီကို ၁၂ လ သက္တမ္း တိုးဖို႔ ျဖစ္ႏိုင္ေျခမ်ားေနေပမယ့္ ကစားသမားျဖစ္သူကေတာ့ သူ႔အနာဂတ္နဲ႔ ပတ္သက္ျပီး အသင္းဘက္က ေသြးေအးေနမႈအေပၚ စိတ္ပ်က္ေနပါတယ္။

လာကာဇက္တီကို ေခၚယူဖို႔ အက္သလက္၊ ေအစီမီလန္နဲ႔ နယူးကာဆယ္တို႔က အၿပိဳင္စိတ္ဝင္စားေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပးစရာမလိုလို႔ ကစားသမားကလည္း ျမင့္မားတဲ့ လက္မွတ္ထိုးေၾကး ရႏိုင္ပါတယ္။