တန်ဟက် စာချုပ်သစ်၊ ထွက်ပြီး တစ်နှစ်သာ ကြာသေးတဲ့ နောက်ခံလူကို ပြန်ချိန်ခြင်း၊ သဘောတူညီမှု ရတော့မယ့် ဒီလစ်နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းထူးများ
မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြတန်ဟက်နဲ့ အတူ ၂၀၂၆ နွေထိ ဆက်ရှိစေမယ့် ၂နှစ် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ဒီနေ့ ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဗဟိုခံစစ်မှူး ဒီလစ်ချ်ကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ အခြေအနေ ကောင်းနေပြီ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ သဘောတူညီမှု ရရှိတော့မယ်လို့ သိရပါတယ်။

ကစားသမား ကိုယ်တိုင်ကလည်း မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ မီးစိမ်းပြကာ ရွေးချယ်ထားပြီး ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်တို့ စောင့်ကြည့်နေကြတဲ့ ခံစစ်မှုး အာရာဂျို အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ရမယ်ဆိုရင် ဘာစီလိုနာက ရောင်းချသွားဖို့ အသင့် ရှိနေကြောင်း လေသံပစ်လာပါတယ်။
ဒါ့အပြင် ဘာစီလိုနာက အငှား ခေါ်ထားတဲ့ စီးတီးနောက်ခံလူ ကန်ဆယ်လို ကို အပြီးသတ် မခေါ်ယူနိုင်ရင် ပလန်ဘီ အနေနဲ့ ယူနိုက်တက် အစွန် နောက်ခံလူ ဝမ်ဘစ်ဆာကာ ကို ခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ တိုက်စစ်မှုး ရက်ဖို့ဒ်အတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ထားပြီး လက်ခံစဉ်းစားသွားမှာ ဖြစ်တယ်လို့ မန်ချက်စတာ ညနေခင်း သတင်းက ဖော်ထုတ်လိုက်ပါတယ်။
ယူနိုက်တက်ဟာ အငှားခေါ်ထားပြီး ပြန်လွှတ်လိုက်တာ တစ်နှစ်သာ ရှိသေးတဲ့ စပါး နောက်ခံလူ ရက်ဂွီလွန် ကို ပြန်ခေါ်ဖို့ စိတ်ဝင်စားဟန် ပြသနေပါတယ်။