၄ ရက် အတွင်း ဂရင်းဝုဒ်ကို ရောင်းချင်နေတဲ့ မန်ယူ၊ ပြောင်းရွှေ့ကြေးမှာ လာဇီယို ထက် ပိုပေးတဲ့ ကလပ်အသင်း ပေါ်ထွက်လာ

ပြင်သစ်ကလပ် မာဆေးလ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူရေး မှာ လာဇီယို အသင်းထက် ရှေ့က ဦးဆောင်နေတယ်လို့ အီတလီက သတင်းတွေအရ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂီတာဖေးမှာ အငှားကစားသမားအဖြစ်နဲ့ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က လက်ရှိမှာ ရောင်းထုတ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

လာဇီယိုဟာ ဂရင်းဝုဒ်ကို ပြီးခဲ့တဲ့ နွေရာသီမှာဂရင်းဝုဒ်ကို အငှားနဲ့ နောက်ကျခေါ်ယူမှု ပြုလုပ်ဖို့ မအောင်မြင်ခဲ့တဲ့နောက် စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပါတယ်။

လာဇီယိုဘက် က ကနဦးပြောင်းရွှေ့ကြေးယူရို သန်း ၂၀ နဲ့ အနာဂတ်မှာ ရောင်းချလို့ရတဲ့ပမာဏက ၅၀ ရာခိုင်နှုန်း ရရှိမယ်ဆိုတဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း မန်ယူနိုက်တက်က ပေါင်သန်း ၄၀ အထိ လိုချင်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဇူလိုင်လ ၈ ရက်နေ့ ရာသီကြိုလေ့ကျင့်ရေးအတွက် ကစားသမားတွေ ပြန်မလာခင် ဂရင်းဝုဒ်ကို ရောင်းထုတ်သွားချင်နေတယ်လို့ သိရပါတယ်။

သတင်းထောက် ဒီ မာဇီယိုရဲ့ ဖော်ပြချက်အရ မာဆေးလ်ဟာ လက်ရှိမှာ ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုနဲ့ လာဇီယိုကို လက်ဦးမှု ရယူတော့မယ်လို့ သိရပါတယ်။

မာဆေးလ်ဟာ ဘရိုက်တန်နည်းပြဟောင်း ရောဘတ်တို ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဂရင်းဝုဒ်ကို ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်လိုက်တာဖြစ်ပြီး သရဲနီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။