ဝေဖန်မှုတွေကြားကနေ အသုံးစရိတ်လျှော့ဖို့ မန်ချက်စတာ ယူနိုက်တက်က ဝန်ထမ်း များစွာ လျှော့ချတော့မည်

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ အသုံးစရိတ် ကုန်ကျစရိတ် လျှောချ့မှု အစိတ်အပိုင်း တစ်ရပ် အဖြစ် အလုပ်အကိုင် ၂၅၀ လျှော့ချတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက် ဒါရိုက်တာ ဆာဒေ့ဗ်ဘရဲလ်ဖို့ဒ်ဟာ ကလပ်ရဲ့ Operation များကို ကာလရှည်ကြာ ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ မရှိမဖြစ် ဝန်ထမ်းအချို့အပါအဝင် ဝန်ထမ်း ၂၅၀ ဦးတို့အား ဖယ်ရှားလာတော့မှာ ဖြစ်ပါတယ်။

ဆာဒေ့ဗ်ဘရဲလ်ဖို့ဒ်ဟာ ကလပ်မှာ လိုအပ်တာထက် အလုပ်ခန့်ထားမှုများ ရှိနေမှုနှင့်အတူ နှစ်စဉ် ကုန်ကျစရိတ်မြင့်မားနေကြောင့်း တွေ့ရပြီးနောက် ယခုကဲ့သို့ ဝန်ထမ်းလျှော့ရန် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်တွင် အချိန်ပြည့်ဝန်ထမ်း ၁၁၅၀ ဦးအထိ ရှိနေပါတယ်။

ယင်းသို့ ယူနိုက်တက်ရဲ့ ကုန်ကျစရိတ်လျှော့ချရေးအတွက် လုပ်ခနည်းဝန်ထမ်းများကို ဖယ်ရှားရန် လုပ်ဆောင်မှုအပေါ် ဝေဖန်မှုများလည်း ရှိနေပါတယ်။

ဝေဖန်သူတို့က ယူနိုက်တက်ဟာ ပထမအသင်းအတွက် ငွေကြေးများစွာ အလဟသ အသုံးပြုပြီး ကစားသမားဝယ်ယူမှုအမှားများ ပြုလုပ်ကာ လုပ်ခနည်းဝန်ထမ်းကို ဖယ်ရှားပြီး ဖာထေးရန် ကြိုးပမ်းမှုအပေါ် အဓိကထား ဝေဖန်ထောက်ပြနေကြပါတယ်။

ပရီးမီးယားလိဂ်အား နောက်ဆုံးအကြိမ်ဖြစ် ၂၀၁၂-၁၃ ရာသီတုန်းက ရရှိခဲ့တဲ့ ယူနိုက်တက်ဟာ ယင်းကာလနောက်ပိုင်းတွင် ကစားသမား ခေါ်ယူအားဖြည့်ရန်အတွက် ပေါင် ၁.၅ ဘီလီယံအထိ အသုံးပြုခဲ့ပေမဲ့ ယင်းမှ ကစားသမားအချို့သာ အသင်းအတွက် အကောင်းဆုံးအလုပ်အကျွေးပြုနိုင်ခဲ့ကြပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ ကာရင်တန်လေ့ကျင့်ရေးမှာ အခြားကလပ်များနှင့် နှိုင်းယှဉ်ပါက အဆင့်နိမ့်နေမှုနှင့်အတူ ပေါင်သန်း ၅၀ အသုံးပြုပြီး အဆင့်မြှင့်ရန် စီစဉ်နေပါတယ်။