ဘာစီလိုနာ မန်နေဂျာဟောင်း ဗယ်ဗာဒီကို ယာယီနည်းပြအဖြစ် ခေါ်ယူတော့မယ့် မန်ယူ
ယူနိုက်တက်ဟာ ရာသီကုန်ထိ ကလပ်ကို ယာယီ ကိုင်တွယ်ပေးဖို့ ဘာစီလိုနာ မန်နေဂျာဟောင်း ဗယ်ဗာဒီကို ဆက်သွယ်နေပြီလို့ သိရပါတယ်။
ယူနိုက်တက်ဟာ ဆိုးရှားကို ထုတ်ပယ်ပြီးနောက် ယာယီနည်းပြသစ် ရှာဖွေနေပေမယ့် အတည်ပြု ခန့်အပ်နိုင်ခြင်း မရှိသေးပါဘူး။ အမြဲတမ်းနည်းပြကို လာမယ့် နွေမှ ခေါ်ယူဖို့ ဆုံးဖြတ်ထားခြင်းဖြစ်ကာ ရာသီကုန်ထိတော့ ယာယီနည်းပြတစ်ဦးဖြင့် ရှေ့ဆက်မှာဖြစ်ပါတယ်။
ဆိုးလ်ရှား မရှိတဲ့နောက် ယူနိုက်တက်ကို ယာယီ နည်းပြ အဖြစ် မိုက်ကယ် ကာရစ် က ပထမဆုံး အကြိမ် ကိုင်တွယ်ခွင့်ပြီး ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် 5 အဖြစ် စပိန်မြေမှာ ဗီလာ ရီးယဲ အသင်းကို သွားရောက် ရင်ဆိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ယူနိုက်တက်က 0 – 2 ဆိုတဲ့ ရလဒ် နဲ့ အတူ အနိုင်ရခဲ့တာကြောင့် သုံးပွဲဆက် နိုင်ပွဲတွေ ပျောက်ဆုံးနေမှုကို ရပ်တန့်သွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ အဖိုးတန် နိုင်ပွဲနဲ့ အတူ အုပ်စု ပွဲစဉ် 5 အပြီးမှာပဲ ချန်ပီယံလိဂ် 16 သင်း ရှုံးထွက် အဆင့်ကို ရောက်ရှိ စေခဲ့တာပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နွေမှာ ပိုချက်တီနိုကို အမြဲတမ်းနည်းပြအဖြစ် ခေါ်ယူမယ်ဆိုရင် ပီအက်စ်ဂျီအသင်းထံ စာချုပ် ဖျက်သိမ်းကြေး ယူရို ၁၀သန်း ဝန်းကျင် ပေးချေရဖို့ ရှိနေပါတယ်။ ပီအက်စ်ဂျီရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုကလည်း ပိုချက်တီနိုနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ပိုချက်တီနိုကို ခပ်လွယ်လွယ်ပဲ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ်ထားပါတယ်။
တဖက်မှာ ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဟောင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေကို ယနေ့မနက်ပိုင်းမှာပဲ စတင်ခဲ့ကြောင်းလည်း သိထားရပါတယ်။