ယိုရို အတွက် မန်ချက်စတာ ယူနိုက်တက် ကမ်းလှမ်းမှု ပေးပို့၊ ရီးရဲလ်က သွေးအေးနေပြီး ကစားသမား ဆုံးဖြတ်ရတော့မည်
လိုင်လီ အသင်းဟာ သူတို့ရဲ့ ဗဟို ခံစစ်မှူး လီနီ ယိုရို အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယူရို သန်း ၅ဝ ကျော်တဲ့ ပမာဏ နဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီလို့ သတင်းထောက် ရိုမာနို က ဖော်ပြသွားပါတယ်။
လီနီ ယိုရို ကတော့ သူ့အတွက် ရီးရဲလ်မက်ဒရစ် အသင်းကသာ ဦးစားပေး နံပါတ်တစ် ဖြစ်နေခဲ့ရတဲ့ အတွက် စပိန် ကလပ်ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေဆဲပဲလို့ သိရပါတယ်။

ယိုရို ကို လီဗာပူး အသင်းကလည်း ချိန်ရွယ်ခဲ့သေးပြီး ကစားသမားက ရီးရဲလ်မက်ဒရစ်ကိုသာ အားသန်နေတာကြောင့် နောက်ဆုတ်သွားခဲ့တာပါ။
ယူနိုက်တက်ကတော့ နောက်မဆုတ်ဘဲ ကမ်းလှမ်းမှုကောင်း စတင် ပေးပို့ထားတာ ဖြစ်ပြီး လိုင်လီ အသင်းဖက်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းမှ ကမ်းလှမ်းမှုဟာ သူတို့အတွက် တကယ့်ကို မက်လောက်စရာ ကမ်းလှမ်းမှုမျိုး ဖြစ်တာကြောင့် ဒါကို လက်ခံဖို့ ကစားသမားကို အသိပေးထားပါတယ်။
ဒါကြောင့် ကစားသမားရဲ့ အနာဂတ်က ကစားသမားရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်နေပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းကတော့ ခုထိ လှုပ်ရှား မလာသေးဘဲ သွေအေးနေပါတယ်။ ယိုရို ဟာ ရီးယဲ မက်ဒရစ် အသင်းဆီ လာချင်တာကို သိနေခဲ့တာကြောင့် ကစားသမားကို လျှော့ဈေးနဲ့ ဝယ်လိုနေပါတယ်။
ဒါ့အပြင် ၂၀၂၅ မှာ စာချုပ် သက်တမ်းကုန်မှ ယိုရို ကို အလွတ်နဲ့ ရရှိဖို့လည်း ရီးရဲလ် တို့ ပိုပြီး စိတ်အား ထက်သန်နေကြပါတယ်။
ဒီ အခြေအနေကို အခွင့်ကောင်း ယူလာတဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ယိုရို ကို ရရှိသွားနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။