ထွက်ခွာသွားတဲ့ ဗန်ဒီဘိခ်၊ ဘရန့်ဝိတ် အတွက် နောက်ထပ် ကမ်းလှမ်းမှု၊ ဘန်ချီဝဲလ်၊ ရုဒ် ပြန်လာခြင်းနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

အဲဗာတန်ဟာ ဗဟိုနောက်ခံလူ ဂျာရတ် ဘရန့်ဝိတ်အတွက် ယူနိုက်တက်ရဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုအဖြစ် ပေါင် ၅၀ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။

ယူနိုက်တက်ကတော့ လက်မလျှော့သေးဘဲ တတိယ အကြိမ် ကမ်းလှမ်းဖို့ ဆက်လက် ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာလည်း အဲဗာတန် အလိုရှိတဲ့ ပေါင် သန်း ၇ဝ ထိတော့ ရောက်မှာ မဟုတ်ပါဘူး။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရုဒ် ဗန် နစ္စတဲလ်ရွိုင်းဟာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် ရဲ့ လက်ထောက်နည်းပြရာထူးကို တာဝန် ထမ်းဆောင်ဖို့အတွက် အသင်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး (၂)နှစ်စာချုပ်လည်း ချုပ်ဆိုလိုက်ပါတယ်။

ချယ်ဆီး နောက်ခံလူ ဘန်ချီဝဲလ် ကို ခေါ်ယူဖို့ ယူနိုက်တက်က ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဂျီရိုနာ အသင်းထံ ပေါင် ၅ သန်းနဲ့တင် ပြောင်းသွားခဲ့ပါပြီ အနာဂတ်မှာ ပေါင် ၄ သန်း ဝန်းကျင်ရပိုင်ခွင့်နဲ့ အရောင်းအဝယ် ကတစ်ဆင့် ထပ်မံ ခံစားခွင့်တွေတော့ ပါဝင်ပါတယ်။

မာဆေးဟာ မေဆင်ဂရင်းဝုဒ်အတွက် ယူနိုက်တက်ထံ ပေါင် ၂၇ သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၂၂ နှစ်ရှိ မေဆင်ဂရင်းဝုဒ်နှင့် ပုဂ္ဂိုလ်ရေးပိုင်း ဆွေးနွေးရန် ကျန်ရှိနေသေးရာ အပြောင်းအရွှေ့ ပြီးပြတ်ရန် များစွာ ကျန်ပါသေးတယ်။

တဖက်မှာလည်း မာဆေးမြို့တော်ဝန်ဟာ မြို့တော်ရဲ့ကလပ်အနေဖြင့် ယူနိုက်တက်စတားမေဆင်ဂရင်းဝုဒ်အား မခေါ်ယူရန် တိုက်တွန်း ပြောကြားလာပါတယ်။