မန်ချက်စတာမြို့ ရောက်နေပြီ ဖြစ်တဲ့ ဇီရီဇီး၊ တတိယမြောက် နယ်သာလန်သား ပစ်မှတ်၊ ဂရင်းဝုဒ်နဲ့ အတူ တွဲချိန်ခံရတဲ့ဂန်းနား နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

နယ်သာလန် ကစားသမားတွေဖြစ်တဲ့ ဒီလစ်နဲ့ ဇီရီဇီးတို့ နှစ်ဦးဟာ ဒီနွေမှာ ယူနိုက်တက်ကို ပြောင်းဖို့ စိတ်အားထက်သန် ခဲ့ကြတာကြောင့် အပြောင်းအရွှေ့ အပြီးသတ်ရေးပိုင်းကို ရောက်ရှိသွားပါပြီ။

ဒီနယ်သာလန်သား နှစ်ယောက် ရပြီးရင် တတိယမြောက် နယ်သာလန်သား ခေါ်ယူမှု အဖြစ် ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ဇာဗီ ဆိုင်မွန်စ် ကို ခေါ်ဖို့ ယူနိုက်တက်က ဆက်လက် လှုပ်ရှားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘိုလော့ဂ်နာအသင်းရဲ့ နယ်သာလန်လူငယ်တိုက်စစ်မှူး ဇီရီဇီး ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီး ဇီရီဇီး ဟာ ဆေးစစ်မှုခံယူဖို့ ဒီနေ့မှာ မန်ချက်စတာမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဇီရီဇီး ရဲ့စာချုပ်လျော်ကြေးက ပေါင် ၃၄ သန်းသာရှိပေမဲ့ ယူနိုက်တက်အသင်းဟာ ပေါင် ၃၅.၈ သန်း ပေးချေရဖို့ရှိနေပြီး ပြောင်းရွှေ့ကြေးကို တစ်လုံးတစ်ခဲတည်းပေးစရာ မလိုဘဲ ၃ နှစ်ကျော်အတွင်း အရစ်ကျပေးချေရမှာဖြစ်တယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

မန်ယူအသင်းဟာ အသင်းတိုက်စစ်မှူးဟောင်း နစ်တယ်ရွိုင်းကို တန်ဟတ်ဂ် လက်ထောက်အဖြစ် ခေါ်ယူခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

မာဆေးအသင်းဟာ ယူနိုက်တက် တိုက်စစ်မှူး ဂရင်းဝုဒ်အပြင် အာဆင်နယ် တိုက်စစ်သမား အတ်ကန်တီးယားကိုပါ ခေါ်ယူလိုနေပါတယ်။