မန်စီးတီး vs ပီအက်ဂျီ၊ လီဗာပူး vs ပေါ်တို ချန်ပီယံလိဂ်ပွဲတွေ အတွက် မိုက်ကယ်အိုဝင် သုံးသပ် ခန့်မှန်းချက်

အင်္ဂါနေ့ညမှာ မန်ယူနဲ့ ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ပွဲတွေ ပြီးတဲ့နောက် ဒီညမှာတော့ မန်စီးတီးနဲ့ ပီအက်စ်ဂျီ၊ လီဗာပူးနဲ့ ပေါ်တို တို့ ပွဲကောင်းတွေ ကျန်ရှိနေပါတယ်။ ဒီပွဲတွေ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်း ရလဒ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

မန်စီးတီး vs ပီအက်ဂျီ

ဒါဟာ တကယ့် ပွဲကြီးပွဲကောင်း ပါပဲ။ ကမ္ဘာ့အချမ်းသာဆုံး အရည်အသွေးမြင့် ကစားသမား အများဆုံး ပိုင်ဆိုင်ထားတဲ့ အသင်း ၂ သင်းဟာ မန်ချက်စတာမှာ ထိပ်တိုက် တွေ့နေပါတယ်။ ရိုးရိုးသားသား ပြောရရင် ဒါဟာ ဖိုင်နယ် ပွဲစဉ် မဟုတ်တဲ့ အတွက် အနည်းငယ် စိတ်ပျက်မိပါတယ်။

နှစ်သင်းစလုံးဟာ တိုက်စစ်မှာ ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် ကျွန်တော်ကတော့ စိတ်လှုပ်ရှား စရာ ပွဲကို မျှော်လင့်နေပါတယ်။ မန်နေဂျာ ၂ ဦးရဲ့ နည်းစနစ် အားပြိုင်မှုကိုလည်း မြင်တွေ့ရမှာပါ။ အကြိတ်အနယ် ဖြစ်မယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပေမယ့် ပီအက်ဂျီဟာ ဒီရာသီ တအားကို ခြေစွမ်း မတည်ငြိမ်ဘူးလို့ ထင်ပါတယ်။ ဒါ့ကြောင့် စီးတီးတို့ ၂-၁ နဲ့ နိုင်မယ်လို့ ရွေးချယ်ပါတယ်။

လီဗာပူး vs ပေါ်တို

လီဗာပူးဟာ နောက်တဆင့်ကို အုပ်စုဗိုလ်နဲ့ တက်သွားပြီး ဖြစ်ပါတယ်။ ယာဂန်ကလော့ အနေနဲ့ ပြီးခဲ့တဲ့ စနေနေ့က အာဆင်နယ်ကို ၄-၀ နဲ့ နိုင်ထားခဲ့တဲ့ ပွဲစဉ်က အရှိန်အဟုန် ကနေ တည်ဆောက် သွားချင်နေမှာပါ။

လီဗာပူးဟာ ပေါ်တိုကို အဝေးကွင်းမှာ ချေမှုန်းထားခဲ့တဲ့ အသင်း ဖြစ်ပြီး လူစုံထုတ်သွားမှာ မဟုတ်ပေမယ့် အိမ်ရှင်တို့ပဲ ၃-၁ နဲ့ နိုင်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

ZG

အဂၤါေန႔ညမွာ မန္ယူနဲ႕ ခ်ဲလ္ဆီးတို႔ ခ်န္ပီယံလိဂ္ ပြဲေတြ ျပီးတဲ့ေနာက္ ဒီညမွာေတာ့ မန္စီးတီးနဲ႕ ပီအက္စ္ဂ်ီ၊ လီဗာပူးနဲ႕ ေပၚတို တို႔ ပြဲေကာင္းေတြ က်န္ရွိေနပါတယ္။ ဒီပြဲေတြ အတြက္ မိုက္ကယ္အိုဝင္ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္း ရလဒ္ေတြက ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

မန္စီးတီး vs ပီအက္ဂ်ီ

ဒါဟာ တကယ့္ ပြဲႀကီးပြဲေကာင္း ပါပဲ။ ကမာၻ႔အခ်မ္းသာဆုံး အရည္အေသြးျမင့္ ကစားသမား အမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ အသင္း ၂ သင္းဟာ မန္ခ်က္စတာမွာ ထိပ္တိုက္ ေတြ႕ေနပါတယ္။ ႐ိုး႐ိုးသားသား ေျပာရရင္ ဒါဟာ ဖိုင္နယ္ ပြဲစဥ္ မဟုတ္တဲ့ အတြက္ အနည္းငယ္ စိတ္ပ်က္မိပါတယ္။

နွစ္သင္းစလုံးဟာ တိုက္စစ္မွာ ထိပ္တန္း ကစားသမားေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ ကြၽန္ေတာ္ကေတာ့ စိတ္လႈပ္ရွား စရာ ပြဲကို ေမွ်ာ္လင့္ေနပါတယ္။ မန္ေနဂ်ာ ၂ ဦးရဲ႕ နည္းစနစ္ အားၿပိဳင္မႈကိုလည္း ျမင္ေတြ႕ရမွာပါ။ အႀကိတ္အနယ္ ျဖစ္မယ္ဆိုတာ သံသယ ျဖစ္စရာ မရွိေပမယ့္ ပီအက္ဂ်ီဟာ ဒီရာသီ တအားကို ေျခစြမ္း မတည္ၿငိမ္ဘူးလို႔ ထင္ပါတယ္။ ဒါ့ေၾကာင့္ စီးတီးတို႔ ၂-၁ နဲ႔ ႏိုင္မယ္လို႔ ေ႐ြးခ်ယ္ပါတယ္။

လီဗာပူး vs ေပၚတို

လီဗာပူးဟာ ေနာက္တဆင့္ကို အုပ္စုဗိုလ္နဲ႔ တက္သြားၿပီး ျဖစ္ပါတယ္။ ယာဂန္ကေလာ့ အေနနဲ႔ ၿပီးခဲ့တဲ့ စေနေန႔က အာဆင္နယ္ကို ၄-၀ နဲ႔ ႏိုင္ထားခဲ့တဲ့ ပြဲစဥ္က အရွိန္အဟုန္ ကေန တည္ေဆာက္ သြားခ်င္ေနမွာပါ။

လီဗာပူးဟာ ေပၚတိုကို အေဝးကြင္းမွာ ေခ်မႈန္းထားခဲ့တဲ့ အသင္း ျဖစ္ၿပီး လူစုံထုတ္သြားမွာ မဟုတ္ေပမယ့္ အိမ္ရွင္တို႔ပဲ ၃-၁ နဲ႔ ႏိုင္သြားမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။