ဆန်ချိုနဲ့ တန်ဟက် ပြေလည်မှုရ၊ ခံစစ်မှုး ဂျိုနသန် တာ့၊ ချီးကျူးခံနေရတဲ့ ဗီတက်၊ တော်မီနေး၊ ဂရင်းဝုဒ်တို့နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ
မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုင်ယန် လီဗာကူဆင် ဗဟိုခံစစ်မှုး ဂျိုနသန် တာ့ ကို ခေါ်ယူဖို့ စတင် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြ တန်ဟတ် နဲ့ ဆန်ချိုတို့ ပြန်လည် တွေ့ဆုံခဲ့ကြပြီး အသင်းမှာ ဆက်နေဖို့ ဆွေးနွေး ပြေလည်မှု ရခဲ့ပြီ လို့ သိရပါတယ်။

နည်းပြ တန်ဟက် က ” ကျွန်တော်တို့ ဒီကိစ္စကို ဆွေးနွေးပြီး ဖြစ်ခဲ့တာတွေကို Move On လိုက်ကြပါပြီ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားသမားကောင်းတွေကို လိုအပ်ပါတယ် ။ ဂျေဒန် က ကစားသမားကောင်း တစ်ဦးပါ ” လို့ တန်ဟက်က ပြောဆိုခဲ့တာပါ။
ဒါ့ကြောင့် လာမဲ့ ရာသီသစ်မှာ ဆန်ချို ကို ယူနိုက်တက် ဂျာစီ နဲ့ မြင်တွေ့ရဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရိုဆင်ဘော့ နဲ့ ခြေစမ်းပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အထူး လက်စွမ်းပြခဲ့တဲ့ လူငယ်ဂိုးသမား ဗီတက် ရဲ့ စွမ်းဆောင်ရည်အပေါ် အသင်းဂန္ထဝင်တွေနဲ့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။
ယူနိုက်တက်နဲ့ စာချုပ် တစ်နှစ်သာ ကျန်တော့တဲ့ ကွင်းလယ် ကစားသမား မက် တော်မီနေးကို ခေါ်ယူဖို့ ဖူလ်ဟမ် အသင်းက စိတ်ဝင်စားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ တာင်ပံ ကစားသမားလေး ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံ ရောင်းချဖို့သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။