ဂျူဗီကနေ အလွတ်နဲ့ ထွက်လာတဲ့ ရာဘီရော့ .. မန်ယူ၊ လီဗာပူးတို့နဲ့ ဆွေးနွေးတော့မှာနဲ့ အလားအလာများ

ဒီနွေမှာ ဂျုဗင်တပ်စ် နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးလို့ အလွတ်နဲ့ ထွက်လာတဲ့ ပြင်သစ် ကွင်းလယ်ကစားသမား အက်ဒရီယန် ရာဘီရော့ က ဒီရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်အသင်းတို့နဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးသွားတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ရာဘီအော့ဟာ မန်ချက်စတာ စီးတီး လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အဲ့ဒီကမှ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိခဲ့ရသလို ပီအက်စ်ဂျီကနေတစ်ဆင့် ဂျုဗင်တပ်စ် အသင်းဆီ ထပ်မံ ပြောင်းရွှေ့ခဲ့တာပါ။

လက်ရှိမှာတော့ ရာဘီရော့ ဟာ ဂျုဗင်တပ်စ်အသင်းနဲ့လည်း စာချုပ်သက်တမ်းက ကုန်ဆုံးခဲ့ပြီ ဖြစ်သလို ဂျုဗင်တပ်စ်ဘက်က ကမ်းလှမ်းလာတဲ့ စာချုပ်သစ် ကမ်းလှမ်းချက်ကိုလည်း ပယ်ချခဲ့ပြီး အသင်းနဲ့ လက်တွဲဖြုတ်ဖို့ကိုသာ ဆုံးဖြတ်ခဲ့ပါတယ်။

အခုဆိုရင် ရာဘီရော့ ဟာ အလွတ်နဲ့ ထွက်ခဲ့တာ ဖြစ်လို့ သူ့စိတ်ကြိုက် ကလပ်အသင်းဆီကို ပြောင်းရွှေ့နိုင်တော့မှာပဲ ဖြစ်ပါတယ်။

ရာဘီရော့လို ဘောလုံး အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုးကို ဥရောပ ကလပ်အသင်း တော်တော်များမာျးက အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ မန်ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတွေလည်း ပါဝင်နေပါတယ်။

ကလပ်အသင်းလက်မဲ့ ဖြစ်သွားတဲ့ ကွင်းလယ်လူ ရာဘီရော့ ကလည်း လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ယူနိုက်တက် လီဗာပူးတို့နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီး နယူးကာဆယ် အပါအဝင် နာပိုလီနဲ့ အေစီမီလန်အသင်းတွေကလည်း ရာဘီအော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ရော လီဗာပူးပါ ယခင် ဈေးကွက်တွေကတည်းက ရာဘီအော့ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးတာဖြစ်ပြီး လက်ရှိမှာလည်း ဒီအသင်းနှစ်သင်းက ကွင်းလယ်ပိုင်း အားဖြည့်သွားရဖို့ ရှိနေတာကြောင့် အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ရာဘီအော့ကို အသင်းဆီ ရအောင် ခေါ်ယူသွားဖွယ် ရှိနေပါတယ်။