တိုက်စစ်နဲ့ ခံစစ်မှုးသစ်တွေ ခေါ်ပြီးတဲ့နောက် မန်ယူရဲ့ တတိယမြောက် ကစားသမား ခေါ်ယူမှုကတော့ ..

ကြာသပတေးညကပဲ မန်ချက်စတာ ယူနိုက်တက် ဟာ ပြင်သစ်သား ခံစစ်မှူး ယိုရိုကို ခေါ်ယူနိုင်ကြောင်း တရားဝင် မိတ်ဆက် ကြေညာခဲ့အြပီး တတိယမြောက် ကစားသမား ခေါ်ယူမှု အတွက် သဘောတူညီမှု ဆက် ရခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ နွေဈေးကွက်အတွင်း ပထမဆုံး ခေါ်ယူမှုအဖြစ် နယ်သာလန်တိုက်စစ်သမား ဇီရစ်ဇီး၊ ဒုတိယမြောက် အဖြစ် ခံစစ်မှုး ယိုရို တို့ကိ ခေါ်ယူထားတာပါ။

ယိုရို ကို ရပြီးတဲ့နောက် ၎င်းနဲ့ အေးဂျင့်တူ ကစားသမား ဖြစ်တဲ့ ပီအက်စ်ဂျီမှ ဥရုဂွေးကွင်းလယ်လူ အူဂါတီအတွက်ပါ ပုဂ္ဂိုလ်ရေး သဘောတူညီမှုယူနိုင်ခဲ့တာ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက အတည်ပြု ဖော်ထုတ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အူဂါတီ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင် သုံးရဖွယ် ရှိပါတယ်။

ရိုမန်နိုက ” ယူနိုက်တက်က အူဂါတီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရပါပြီ။ စာချုပ်ကိစ္စတွေ ဆွေးနွေးခဲ့ပြီး ချန်ပီယံလိဂ်မဝင်ပေမယ့် ယူနိုက်တက်ထံ ပြောင်းလာဖို့ ကစားသမားဘက်က သဘောတူခဲ့ပါတယ်။

ကလပ်ချင်း စကားပြောမှုအဖြစ် ပီအက်စ်ဂျီနဲ့ ဆက်ပြီး စကားပြောရပါမယ်။ အူဂါတီကို ခေါ်လိုတဲ့ ကလပ်တွေများပါတယ်။ ကစားသမားရဲ့ အေးဂျင့်ကတော့ ယိုရိုနဲ့ အတူတူပါပဲ ဂျော့မန်ဒက်စ်ပါ။ ” လို့ သတင်းပေးလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနေ့မှာပဲ ကစားသမား ရောင်းချမှုအဖြစ် ဂရင်းဝုဒ်ကို ရောင်းချထားပြီးဖြစ်ကာ တော်မီနေးနဲ့ ဘစ်ဆာကာတို့အတွက် ဆက်လက် စကားပြောနေပြီဖြစ်ပါတယ်။