ကွင်းထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်အောင်ကို အစွမ်းတွေပြနေပြီ ဖြစ်တဲ့ မန်ယူအသင်းသား

ဗီလာရီးရယ်လ် ကို အနိုင်ရတဲ့ ပွဲမှာ မန်ယူအသင်းနဲ့ အတူ ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက် အသင်း ကစားသမားဟောင်း အိုဝင် ဟားဂရေ့ဗ် က ချီးကျုးမှု ပြုလုပ်သွားခဲ့ပါတယ်။ ဆန်ချိုဟာ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် ကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟားဂရော့ဗ် ကတော့ ဆန်ချိုဟာ ကွင်းထဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် အတွက် ဒေါ့မွန် အသင်းမှာ ကစားခဲ့တုန်းက ပုံစံကောင်းအချို့ကို ပြသနိုင်ခဲ့တယ်လိ့ ပြောခဲ့တာဖြစ်ပါတယ်။ ဟားဂရေ့ဗ် ဟာ ဂိုးသမား ဒီဂီယာရဲ့လက်စွမ်းကိုလည်း ချီးကျူးခဲ့ပါတယ်။

ဟားဂရေ့ဗ်စ် က “ဂျေဒန် ဟာ ကွင်းထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး ဒေါ့မွန်မှာ တွေ့ခဲ့ရတဲ့ ဂျေဒန်နဲ့ တူပါတယ်။ ဒီဂီယာကလည်း အကောင်းဆုံး ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့”ဆိုသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဗီလာရီးရယ်လ် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ မန်ယူကို ဒီပွဲမှာ ယာယီနည်းပြအဖြစ် ကာရစ် က ပထမဆုံး ကိုင်တွယ်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ပေါင်(၇၃)သန်းနဲ့ ဒေါ့မွန်ကနေ ရောက်ရှိလာတဲ့ ဆန်ချို အတွက်တော့ (၁၅)ပွဲကစားပြီးမှ မန်ချက်စတာယူနိုက်တက် ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဗီလာရီးရဲလ်နဲ့ ပွဲပြီးတဲ့နောက် ဒီတပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီး အသင်း ရဲ့အိမ်ကွင်းမှာ သွားရောက် ကစားရဖို့လည်း ရှိနေပါတယ်။

ZG

ဗီလာရီးရယ္လ္ ကို အႏိုင္ရတဲ့ ပြဲမွာ မန္ယူအသင္းနဲ႕ အတူ ေျခစြမ္းျပဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဆန္ခ်ိဳကို မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ကစားသမားေဟာင္း အို၀င္ ဟားဂေရ႕ဗ္ က ခ်ီးက်ဳးမႈ ျပဳလုပ္သြားခဲ့ပါတယ္။ ဆန္ခ်ိဳဟာ ဒီပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားဘ၀ ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟားဂေရာ့ဗ္ ကေတာ့ ဆန္ခ်ိဳဟာ ကြင္းထဲမွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ အတြက္ ေဒါ့မြန္ အသင္းမွာ ကစားခဲ့တုန္းက ပုံစံေကာင္းအခ်ိဳ႕ကို ျပသႏိုင္ခဲ့တယ္လိ့ ေျပာခဲ့တာျဖစ္ပါတယ္။ ဟားဂေရ႕ဗ္ ဟာ ဂိုးသမား ဒီဂီယာရဲ႕လက္စြမ္းကိုလည္း ခ်ီးက်ဴးခဲ့ပါတယ္။

ဟားဂေရ႕ဗ္စ္ က “ေဂ်ဒန္ ဟာ ကြင္းထဲမွာ အေကာင္းဆုံး ကစားသမား ျဖစ္ခဲ့ၿပီး ေဒါ့မြန္မွာ ေတြ႕ခဲ့ရတဲ့ ေဂ်ဒန္နဲ႔ တူပါတယ္။ ဒီဂီယာကလည္း အေကာင္းဆုံး ကာကြယ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔”ဆိုသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ဗီလာရီးရယ္လ္ အသင္းကို (၂)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္(၁၆)သင္းအဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။ မန္ယူကို ဒီပြဲမွာ ယာယီနည္းျပအျဖစ္ ကာရစ္ က ပထမဆုံး ကိုင္တြယ္ခဲ့တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီက ေပါင္(၇၃)သန္းနဲ႔ ေဒါ့မြန္ကေန ေရာက္ရွိလာတဲ့ ဆန္ခ်ိဳ အတြက္ေတာ့ (၁၅)ပြဲကစားၿပီးမွ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားဘ၀ ပထမဆုံးသြင္းဂိုးကို ရယူႏိုင္ခဲ့တာပါ။

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ဗီလာရီးရဲလ္နဲ႕ ပြဲျပီးတဲ့ေနာက္ ဒီတပတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ခ်ယ္လ္ဆီး အသင္း ရဲ႕အိမ္ကြင္းမွာ သြားေရာက္ ကစားရဖို႔လည္း ရွိေနပါတယ္။