ဒမ်ဖရိုင်းစ် – ဘစ်ဆာကာ အလဲအထပ်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တချက်ခုတ် နှစ်ချက်ပြတ် အကြံအစည်

မန်ချက်စတာ ယူနိုက်တက် က အသင်းရဲ့ ပစ်မှတ်ဟောင်းတစ်ဦး ဖြစ်တဲ့ ညာနောက်ခံလူ ဒန်ဆယ် ဒန်ဖရီးစ်ကို ခေါ်ယူနိုင်ဖို့အတွက် နောက်ခံလူ အာရွန် ဝမ်ဘစ်ဆာကာ နဲ့ တိုက်ရိုက် အလဲအလှယ် လုပ်ဆောင်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် ညာနောက်ခံလူ ဘစ်ဆာကာဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကတည်းက ခရစ္စတယ် ပဲလေ့စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့သလို ယူနိုက်တက်ကလည်း သူ့ကို ဒီနွေမှာပဲ အသင်းကနေ ရောင်းထုတ်သွားချင်နေပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဘစ်ဆာကာကိုလည်း ကနဦးပိုင်းမှာ ဝက်စ်ဟမ်းအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဝက်စ်ဟမ်းက အသင်းရဲ့ ညာခြမ်းခံစစ်ပိုင်းအတွက် ဘစ်ဆာကာထက် ဘိုင်ယန်မြူးနစ် ညာနောက်ခံကစားသမား မာဇာယာအူယီကိုပဲ ရွေးချယ်လိုက်ပါတယ်။

ဒီအချိန်မှာ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ်ဟောင်းဖြစ်တဲ့ အင်တာမီလန် ညာနောက်ခံကစားသမား ဒမ်ဖရိုင်းစ် ကို ခေါ်ယူဖို့အတွက် ဘစ်ဆာကာနဲ့ ကစားသမားချင်း တိုက်ရိုက် အလဲအလှယ် လုပ်ဆောင်သွားဖို့ စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှု လုပ်ဆောင်သွားဖွယ်လည်း ရှိနေပါတယ်။

ယူနိုက်တက်က ဒမ်ဖရိုင်းစ် ကို PSV ကနေ အင်တာမီလန်ဆီ မပြောင်းရွှေ့ခင်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အသက် (၂၈)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ညာနောက်ခံလူ ဒမ်ဖရိုင်းစ် ဟာ အင်တာအသင်းဆီကို ၂၀၂၁ခုနှစ်ကတည်းက PSV အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ဘစ်ဆာကာလိုပဲ အသင်းက စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ ယူနိုက်တက်က ဘစ်ဆာကာ နဲ့ ဒမ်ဖရိုင်းစ် ကို အလဲအလှယ် လုပ်ဆောင်ဖို့ စိတ်ဝင်စားနေပြီး အင်တာမီလန် အသင်းဘက်ဆီကို ကမ်းလှမ်းမှု လုပ်ဆောင်ဖို့ ရှိနေပါတယ်။

ယူနိုက်တက်က အသင်းရဲ့ညာခြမ်းမှာ ဒါလော့ တစ်ဦးတည်းကိုသာ ယုံယုံကြည်ကြည် အသုံးပြုသွားချင်နေပြီး ဘစ်ဆာကာ ကိုတော့ စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်းကနေ ရောင်းထုတ်သွားချင်နေတာပါ။

ဒီအတွက် အပြီးသတ် ရောင်းထုတ်တာ ဒါမှမုတ် ညာနောက်ခံကစားသမား အချင်းချင်း အလဲအလှယ် လုပ်သွားမယ့် နည်းလမ်း မျိုး တစ်ခုခုကို ရွေးချယ်သွားဖွယ် ရှိနိုင်ပါတယ်။