အာဆင်နယ်ရဲ့ ဂိုးက လူကျွံနေခဲ့တာ လို့ ပွဲအပြီးမှာ ယူနိုက်တက် နည်းပြ တန်ဟက် ထည့်သွင်း ပြောဆို
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက် ကတော့ မနေ့က အာဆင်နယ်ကို ၂-၁ နဲ့ ရှုံးတဲ့ ခြေစမ်းပွဲမှာ VAR မသုံးခဲ့တာနဲ့ လူကျွံဂိုး ခွင့်ပြုခဲ့ရတာ အတွက် မကျေမနပ် ဖြစ်နေပါတယ်။
ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ပွဲ ပထမပိုင်းမှာ ဟွိုင်လန်း သွင်းဂိုးနဲ့ အတူ ပွဲကို ဦးဆောင်ခဲ့ပေမယ့် ဂျေးဆု က ချေပဂိုး သွင်းသွားလို ဒုတိယပိုင်းမှာ မာတင်နယ်လီက အနိုင်ဂိုး ထပ်သွင်းတာကြောင့် ဂန်းနားတို့အား အရေးနိမ့်ခဲ့ရပါတယ်။
ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ဂျေးဆု ချေပဂိုးဟာ လူကျွံနေတယ် လို့ ယုံကြည်နေပြီး ပွဲပြီး အင်တာဗျူးမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

နည်းပြ တန်ဟက်က ” ဒီပွဲကတော့ တကယ်ကို ပြင်းထန်တဲ့ ပွဲပါ။ ရာသီကြိုကာလ တတိယပတ်ထဲမှာ တကယ် ကောင်းတဲ့ အဆင့်နဲ့ ပွဲစဉ်ပါပဲ၊ နှစ်သင်းစလုံ အတွက်ပေါ့။
ပွဲပထမပိုင်းမှာ ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တယ်လို့ထင်ပါတယ်။ သိပ်ကောင်းတဲ့ ဂိုး တစ်ဂိုးလည်း သွင်းနိုင်ခဲ့တယ်။ ရက်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ ရွေ့လျားမှုတွေက အရမ်းကောင်းသလို ဂိုးအဆုံးသတ်ကလည်း ကောင်းမွန်လှပါတယ်။
ကျွန်တော်ကတော့ အတော် အားရပါတယ်။ အခွင့်အရေး ကောင်းတွေလည်း ဖန်တီးနိုင်တယ်။ ဂိုးတော့ ပြန် ပေးလိုက်ရတယ် ဆိုပေမယ့် အဲဒါကလည်း လူကျွံနေတာပါ။ ” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။