နီးစပ်လာတဲ့ နောက်ခံလူ မာဇရာအိုယီ၊ ရက်ဖို့ဒ်ကို ယုံကြည်တဲ့ တန်ဟတ်၊ လက်ထောက်နည်းပြသစ် ရောက်လာခြင်းနဲ့ မန်ယူ သတင်းထူးများ

မန်ချက်စတာ ယူနိုက်တက်နဲ့ ဒီနွေမှာ လမ်းခွဲထားတဲ့ နောက်ခံလူ ဗာရန်းဟာ နည်းပြ ဖာဘရီဂတ်စ် ကိုင်တွယ်တဲ့ စီးရီးအေကလပ် ကိုမို အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဘိုင်ယန်နောက်ခံလူ မာဇရာအိုယီကို ခေါ်ယူဖို့ နီးစပ်နေပေမယ့် အသင်းရှိ နောက်ခံလူတွေကို အရင် ရှင်းထုတ်ဖို့ လိုအပ်နေကြောင်း သိရပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အပေါ် အပြည့်အဝ ယုံကြည်ပေးထားကြောင်း ထပ်မံ အတည်ပြုသွားခဲ့ပါတယ်။

မန်ယူအသင်း ဂိုးသမား အိုနာနာကတော့ အသင်းနည်းပြ တန်ဟတ် ကို ဆက်ထိမ်းခဲ့တဲ့ အသင်းဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ထောက်ခံပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နော်ဝေကလပ် လိုင်လီစတွမ်း နည်းပြဖြစ်သူ အန်ဒရေရက်စ်ဂျော့ချ်ဆင်ကို အသင်းနည်းပြ အဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ လက်ထောက်နည်းပြသစ်ဟာ set-piece စွမ်းဆောင်ရည်နဲ့ ကစားသမား တစ်ဦးချင်းစီရဲ့ အရည်အသွေးတိုးတက်စေဖို့ အဓိက စီမံသွားမှာပါ။

ဒီနွေမှာ မန်ယူက ထွက်ခွာသွားတဲ့ မာဆေးလ်အသင်းကစားသမားသစ် ဂရင်းဝုဒ်ဟာ Pau FC ကို အနိုင်ရတဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

မန်ယူအသင်း ဂိုးသမားဟောင်း ဒီဂီယာဟာ စီးရီးအေကလပ် ဂျီရိုနာအသင်းနဲ့ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လုပ်ခလစာ ပေးချမှု ညှိနှိုင်းမရတာကြောင့် အပြောင်းအရွှေ့ ပျက်သွားပါတယ်။