မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီကြိုပွဲတွေမှာ ချီးကျူးမှုတွေခံယူနေရတဲ့ ကွင်းလယ်လူငယ်လေး ကိုလ်ရာ
မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ ကတော့ လက်ရှိ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ တိုဘီ ကိုလ်ရာနဲ့ ပတ်သက်လို့ ချီးကျူးနေကြပါတယ်။
ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်မှာ ဘရိုက်တန်ကနေ ပြောင်းရွှေ့လာခဲ့တာပါ။
အသက် (၂၀) အရွယ်သာရှိသေးတဲ့ ဒီကွင်းလယ်လူ ကိုလ်ရာက ပြီးခဲ့တဲ့ရာသီကတည်းက ယူနိုက်တက်အသင်းကြီးရဲ့ အရန်ကစားသမားစာရင်းမှာ (၇) ပွဲအထိ ပါဝင်ခွင့်ရခဲ့ပါတယ်။

နည်းပြ တန်ဟက် ကလည်း ဒီကစားသမားလေးရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ အတော်လေး သဘောကျကာ အထင်ကြီးလေးစားနေပါတယ်။
လက်ရှိနွေရာသီ ခြေစမ်းပွဲတွေမှာတော့ တိုဘီ ကိုလ်ရာက ယူနိုက်တက်အတွက် ကစားခွင့်ရနေပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ဒီကောင်လေးရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ အထူးချီးကျူးနေကြပါတယ်။
ကိုလ်ရာဟာ ကွင်းလယ်မှာ ကက်စ်မဲရိုးနဲ့ ကောင်းကောင်း တွဲကစားနိုင်ပြီး ခြေစွမ်းပိုင်းအရလည်း ကျေနပ်စရာအနေအထား တစ်ခုကို ရောက်လာခဲ့တာပါ။
ရိုဆင်ဘော့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲရဲ့ ဒုတိယပိုင်းမှာလည်း ကိုလ်ရာက အသင်းခေါင်းဆောင်အဖြစ် ကစားခွင့်ရရှိခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေကတော့ မိုင်နူးလိုမျိုး နောက်တစ်ယောက် ထပ်မံပေါ်ထွက်လာပြီလို့ မှတ်ချက်ပြုနေကြပါတယ်။